29 C
Yangon

မြင်းမူနှင့် လောင်းလုံးတွင် စစ်ယာဉ်များကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

မြင်းမူနှင့် လောင်းလုံးတွင် စစ်ယာဉ်များကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း People’s knight Defense Force Myinmu အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၁၄ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ဘက်မှ မုံရွာမြို့ ဘက်သို့ အကြမ်းးဖက် စစ်ကားများနှင့် ထောက်ပို့ကားများ လိုက်ပါလာသော ကား ၇၅ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မြင်းမူမြို့နှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေးအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ စစ်ကိုင်းခရိုင် အမှတ် ( ၇) တပ်ရင်း တပ်ခွဲ ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပြည်သူပိုင်ကား ၂ စီးကို ချောဆွဲပြီး လောင်းလုံးမြို့သို့ ဆင်းလာသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ (FPF)က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာမှ ခြေလျင်ဆင်းလာသော ပြည်သူပိုင် ကားများကို ချောဆွဲပြီး လောင်းလုံးမြို့သို့ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ (FPF)က လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ကားပေါ်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးမှု ရှိမရှိကို ဆက်လက်စုံစမ်းဆဲ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြစ် စစ်ရေးများကို အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိပြု သွားလာကြရန် ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့က သတိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article