Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရဟတ်ယာဉ် နဲ့ တိုက်လေယာဉ် ၈ စီး ဆုံးရှုံးခဲ့ပြီးတဲ့နောက် အကြမ်းဖက် စစ်ကောင်စီက တိုင်းပြည်ဘဏ္ဘာနဲ့ နောက်ထပ် လေယာဉ် ၈ စီးကို ထပ်မံဖြည့်တင်းထားပြန်တယ်လို့ သိရပါတယ်။
-ကချင်ပြည်နယ် ၊ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်က စစ်အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်လက်အောက်ခံ လာဟူဆယ် ပြည်သူ့စစ်စခန်းကို KIA-PDF ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီး စစ်တပ်လက်အောက်ခံပြည်သူ့စစ် အများအပြားကတော့ အကုန်လုံး ထွက်ပြေးကုန်ကြတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်က ဝမ်ပေါင် ကုမ္ပဏီကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းအတွင်း စစ်ကောင်စီတပ်သား ၇ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။