27 C
Yangon

AA ကို ကြောက်လန့်၍ သာပေါင်းတွင် ပြည်သူ့လုံခြုံရေး စစ်သင်တန်းဆင်းများ ထွက်ပြေး၊ ဂွမြို့နယ်၊ ခမရ-၅၆၃ တပ်ရင်းသို့ ပို့ဆောင်ခံရသည့် ပုသိမ်မှ ရဲတပ်ဖွဲ့ဝင်များလည်း အလုံးအရင်းဖြင့် ထွက်ပြေးနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ရပ်/ကျေး ပြည်သူ့လုံခြုံရေး သင်တန်းဆင်းထားသူများ ထွက်ပြေးနေ၍ အကြမ်းဖက် စစ်တပ်က နေအိမ်ကို ချိတ်ပိတ်ပြီး မိသားစုများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာ ၂၂ ရက်နေ့ သာပေါင်းမြို့နယ်၊ ရပ်/ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့ သင်တန်းဆင်းထားသူ ၅၀ ဦးထဲမှ ၁၅ ဦးက ခလရ ၃၀၈ တပ်ရင်းသို့ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားကြောင်း၊ သာပေါင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က နေအိမ်များကို ချိတ်ပိတ်ပြီး မိသားစုဝင်များကို ဖမ်းဆီးမည်ဟု ခြိမ်ခြောက်ခေါ်ဆောင်နေကြောင်း သိရသည်။

သာပေါင်းမြို့ အမှတ် ၃ ရပ်ကွက်မှ ပြည်သူ့စစ် ၂ ဦး၏ နေအိမ်များကိုလည်း အကြမ်းဖက် စစ်တပ်က ချိတ်ပိတ်ခဲ့ကြောင်း၊ ထို့ပြင် သာပေါင်းမြို့နယ်တွင် စစ်မှုထမ်း မပေးနိုင်သည့် မြို့နယ်စီမံ ဥက္ကဋ္ဌ မင်းဧရာထိုက် နှင့် စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ ဗိုလ်မှူးသန်းနိုင်၊ ကျေးရွာအုပ်မှူးများလည်း လုံ/နယ် ဝန်ကြီး မိုးမင်းနိုင်က တွေ့ဆုံရန် ခေါ်ထားကြောင်း သိရှိရသည်။

အလားတူ ပုသိမ်မြို့နယ်တွင် နေထိုင်သည့် ရဲအုပ် ၁ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက် စစ်တပ်က ဂွမြို့နယ် ခမရ-၅၆၃ တပ်ရင်းကို ပို့ဆောင်ပြီး စစ်ဆေးရေးဂိတ်များတွင် တာဝန်ချထားစဉ် ထွက်ပြေးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပုသိမ်မြို့နယ်၌ နေထိုင်သော ရဲအုပ် ၁ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက် စစ်တပ်က ဂွမြို့နယ် ခမရ-၅၆၃ တပ်ရင်းကို ပို့ဆောင်ပြီး စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်ခိုင်းထားစဉ် ထွက်ပြေးသွားပြီး လက်ရှိချိန်ထိ ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် ခလရ ၃၆ တပ်ရင်း ကျုံပျော်မှအကြမ်းဖက် စစ်ကောင်စီ တပ်သားများလည်း ရေကြည်မြို့နယ် သောင်တန်းရွာ အနောက်ဘက်ကို ထွက်ပြေးသွားပြီး အကြမ်းဖက် စစ်တပ်က ရှာဖွေနေကာ ၄ ဦးကို ပြန်လည် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

လတ်တလော AA က ဂွမြို့နယ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေပြီး ယင်းသို့ ထိုးစစ်ဆင်နေမှုကြောင့် မကြာမီ ဂွမြို့နယ်ကို သိမ်းပိုက်ပြီး ဧရာ၀တီတိုင်းဘက်သို့ AA တပ်များ ဝင်ရောက်လာမည်ကို စစ်ကောင်စီနှင့် စစ်တပ်လက်အောက်ခံများအကြား အထူးကြောက်ရွံ့နေကြကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article