29 C
Yangon

ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း COBRA ONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ်-၁၀၁ ခြေမြန်တပ်မဌာနချုပ် အပါအဝင် လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ ၂၅၁နှင့် ခလရ ၂၅၂ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ရော့ကတ်များသည် အကြမ်းဖက် စစ်တပ် တပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ၂၅၁တပ်ရယ် ၂၅၂ တပ် တွေကို တာဝေးပစ် rocket ၈ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ပစ်လွှတ်လိုက်တဲ့ rocket အားလုံး ရန်သူ့တပ်တွင်း ကျရောက်ပေါက်ကွဲခဲ့တယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ ဆက်လက်ဆုံစမ်းနေဆဲဖြစ်ပါတယ်” ဟု COBRA ONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ရခြင်းသည် ပခုက္ကူမြို့ပေါ်၌ အတင်းအဓမ္မ ပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းခြင်းနှင့် ပခုက္ကူ တပ်မ ၁၀၁ တပ်က ပခုက္ကူမြို့နယ် အနောက်ခြမ်းရှိ ထန်းတပင်ကျေးရွာနှင့် ရေလာကြီးကျေးရွာများကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးမီးရှို့ နေခြင်းများကြောင့် ပြန်လည် တိုက်ခိုက်ခြင်းဖြစ်ကြောင်း COBRA ONE အဖွဲ့မှ တာဝန်ရှိသူ ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို Burma Revolution Rangersတပ်ဖွဲ့ ၊ BA NYEIN GUERRILLA Force တပ်ဖွဲ့၊ TaTy pku pdf တပ်ဖွဲ့တို့နှင့်အတူ COBRA ONE Pakokku တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article