31 C
Yangon

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ GSI အအေးခန်းပုဇွန်စက်ရုံတွင် အလုပ်သမားတစ်ဦးလျှင် နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းတိုးရေး ထိုင်းဘတ် ၁၀၄၀၀ ကောက်ခံမှု မြန်မာအလုပ်သမား ၄၀၀ ကျော်အခက်တွေ့နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ GSI အအေးခန်းပုဇွန်စက်ရုံတွင် အလုပ်သမားတစ်ဦးလျှင် နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းတိုးရေး ထိုင်းဘတ် ၁၀၄၀၀ ကောက်ခံမှု မြန်မာအလုပ်သမား ၄၀၀ ကျော်အခက်တွေ့နေကြောင်း အဆိုပါ စက်ရုံမှ မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရနောင်းမြို့ အခြေစိုက် Golden Seafood International ကုမ္ပဏီတွင် မြန်မာအလုပ်သမား ၄၀၀ ကျော် လုပ်ကိုင်ကြပြီး ယင်းအလုပ်သမားများ၏ အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရန်အတွက် စက်ရုံမန်နေဂျာက တစ်ဦးလျှင် ထိုင်းဘတ် ၁၀၄၀၀ တောင်းခံနေကြောင်း၊ အဆိုပါ တောင်းခံသော နှုန်းထားမှာ မြန်မာအလုပ်သမားများအတွက် အလွန်ကြီးမြင့်နေပြီး အလုပ်သမားများမှာ ယင်းငွေကြေးကို မတတ်နိုင်ကြကြောင်း သိရှိရသည်။

” GSI စက်ရုံက မွေးမြူရေး ပုဇွန်တွေကို ဝယ်ပြီး အအေးခန်းထဲ ထည့်။ ပြီးတော့ ပြည်ပနိုင်ငံတွေဆီကို ကွန်တိန်နာကားကြီးတွေနဲ့ ပို့ပါတယ်။ မြန်မာလုပ်သား ၄၀၀ ကျော်ရှိပါတယ်။ အရင်နှစ်တွေက အလုပ်လုပ်ခွင့် ဘတ်လုပ်ပေးတာ စျေးသက်သာပြီး အခုနှစ်မှာတော့ အဆမတန်ငွေတောင်းနေပါတယ်။ ထိုင်းအစိုးရက သက်မှတ်တဲ့စျေးနှုန်ထက် အရမ်းများပြီး တောင်းပါတယ်။ CI သက်တမ်း ၁ နှစ်ကျန်တဲ့သူလည်း ထိုင်းဘတ် ၁၀၄၀၀ ဘတ်၊ န၂ နှစ်ကျန်တဲ့သူလည်း ထိုင်းဘတ် ၁၀၄၀၀ ဘတ်တောင်းပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ပထမအရစ် ထိုင်းဘတ် ၆၃၀၀ ပေးပြီး ကျန်တဲ့ငွေ ထိုင်းဘတ် ၄၁၀၀ ကို ဒုတိယအရစ်အဖြစ် နောက်နှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ တောင်းပါတယ်” ဟု မြန်မာအလုပ်သမားတစ်ဦးက ရှင်းပြသည်။

အဆိုပါစက်ရုံမှ မြန်မာအလုပ်သမားများက အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် စျေးနှုန်းကြီးမြင့်နေကြောင်း စက်ရုံမန်နေဂျာသို့ တောင်းဆိုသောအခါ မကျေနပ်လျှင် အလုပ်ထွက်နိုင်သည်ဟု ပြောဆိုကြောင်း၊ အလုပ်လုပ်ခွင့် သက်တမ်းတိုးသော ထိုင်းဘတ် ၁၀၄၀၀ မှာ မည်သို့ ကောက်ခံသည်ကိုလည်း စက်ရုံဘက်က ရှင်းမပြကြောင်း သိရှိရသည်။

“ဘတ်ဖိုး ၁၀၄၄၀ က စျေးကြီးနေတယ်လို့ ပြောတဲ့အခါမှာ အလုပ်မန်နေဂျာက မကျေနပ်ရင် မလုပ်နဲ့လို့ ပြောတယ်။ အလုပ်ထွက်လို့လည်းပြောပါတယ်။ နင်တို့ထွက်ရင် မြန်မာပြည်က ဝင်လာမယ့်သူတွေအများကြီးရှိတယ်လို့ ပြောတယ်။ ဘတ်ဖိုး ၁၀၄၀၀ က ဘာဖိုးတွေလဲဆိုတာကို သေသေချာချာ ရှင်းမပြဘူး။ အရင်နှစ်တွေကဆိုရင် သေချာရှင်းပြတယ်။ ဘယ်ဟာဘယ်လောက်ပေါ့။ အခုက ရှင်းပြမှုမရှိဘူး။ မလုပ်ချင်ရင် ထွက်သွားပဲပြောတယ်။ ဘယ်သူမှလည်း စောဒကမတက်ရဲ မပြောရဲကြဘူး။ ဦးဆောင်ပြီးပြောမယ့်သူလည်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေး မကောင်းတာကို အခွင့်ကောင်းယူပြီး လုပ်ချင်တယ်လို့လုပ်နေကြတယ်” ဟု မြန်မာအလုပ်သမားတစ်ဦးက အခြေအနေကို ရှင်းလင်းပြောဆိုသည်။

ထိုင်းနိုင်ငံတစ်ဝန်းတွင် အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုးရေး အဆမတန် ငွေကြေးများ တောင်းခံနေ၍ မြန်မာအလုပ်သမားများက ဆန္ဒပြနေကြရာ အများစုမှာ ငွေကြေးလျော့ကျ သက်သာမှုများ ရရှိနေကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article