28 C
Yangon

မိုးညို၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို စစ်တပ်က တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးစဉ် နှလုံးရောဂါအခံရှိသော မိခင်ဖြစ်သူ ရှော့ခ်ရ သေဆုံး၊ မိခင်နာရေးသို့ သားဖြစ်သူကို လက်ထိပ်ခတ်၍ ပို့ဆောင်ခွင့်ပြု

Must read

မိုးညို၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို စစ်တပ်က တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးစဉ် နှလုံးရောဂါအခံရှိသော မိခင်ဖြစ်သူ ရှော့ခ်ရ သေဆုံး၊ မိခင်နာရေးသို့ သားဖြစ်သူကို လက်ထိပ်ခတ်၍ ပို့ဆောင်ခွင့်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ရှေ့တန်း ပို့ဆောင်လိုက်၍ နှလုံးရောဂါ အခံရှိသည့် မိခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိခင်ဖြစ်သူက မိုးညိုမြို့နယ် ထွေ/အုပ်ရုံး၌ မိခင် ဖြစ်သူက သားဖြစ်သူ သတင်းကို သွားရောက် စုံစမ်းပြီး တွေ့ခွင့် တောင်းစဉ် တွေ့ခွင့်မပေးဘဲ ရှေ့တန်းကို ပို့ဆောင်လိုက်ပြီဟု စစ်သားများက ပြောဆိုကြောင်း ၊ ရှေ့တန်းပို့ဆောင်ခံရသည်ကို ကြားသည်နှင့် မိခင်ဖြစ်သူမှာ နေရာတွင်ပင် စိုးရိမ်မှုများဖြင့် ငိုကြွေးကာ နှလုံးရောဂါအခံဖြင့် ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မိခင်ဖြစ်သူ၏ နာရေးကို သဂြိုလ်ရာတွ် တပ်သားအဖြစ် စုဆောင်းခံထားရသော သားဖြစ်သူကို လက်ထိပ်ခတ်၍ စစ်သားတချို့က ၀ိုင်းလျက် လိုက်ပါပို့ဆောင်ခွင့်ပြုခဲ့ကြောင်း၊ မိခင် နာရေးပြီးဆုံးချိန်တွင် စစ်တပ်က ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ဗောဓိကုန်းကျေးရွာက လူငယ် ၁ ဦးကို စစ်ခွေးတွေက နေအိမ်ထဲထိ စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားတာကို မိခင်ဖြစ်သူက မိုးညိုထွေအုပ်ရုံးမှာ သားဖြစ်သူရဲ့ သတင်းကို သွားစုံစမ်းပြီး တွေ့ခွင့်တောင်းတာကို တွေ့ခွင့်မပေးဘဲ ရှေ့တန်းကို ပို့လိုက်ပြီလို့ စစ်ခွေးတွေက ပြန်ပြောဆိုလိုက်လို့ မိခင်ဖြစ်သူ နှလုံးရောဂါအခံကြောင့် နေရာမှာပဲ လဲကျသေဆုံးသွားပါတယ်။ မိခင်ရဲ့ နာရေးကိုလည်း သားဖြစ်သူက လက်ထိပ်တန်းလန်းနဲ့ လိုက်ပို့ရပါတယ်။ တကယ့်ကို ရင်နာစရာ ဘဝတွေပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လတ်တလော မိုးညိုမြို့နယ်တစ်ခုလုံးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အကြီးအကျယ် ဖြစ်ပွားနေပြီး လူငယ်များမှာ တောတောင်များနှင့် လယ်တောများထဲတွင် ညပိုင်း သွားရောက်အိပ်စက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှမ်းပြည်တောင်ပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၈ တက်ရန် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article