ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၉ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဒလဆိပ် ကျေးရွာ အနောက်ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်းသိရသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်နှင့် ၂ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကွင်းချောင်း၀ မှနေ၍ ၁၂၂ မမ ဟောင်ဝှစ်ဇာ ၃ လုံးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ ကျောက်စရစ်ကျေးရွာ၊ အင်တိုင်းကုန်းကျေးရွာနှင့် ပဲသောင်ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း၊ ထို့ပြင် ခလရ- ၂၆၄ တပ်ရင်းက ၁၂၂ မမ ဟောင်ဝှစ်ဇာ ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ထိုး၀ါးစိုက်ကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကြိတ်ကွင်း ကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်း နေထိုင်သူ အသက် ၆၃ နှစ် အရွယ် ဦးစိုးမြ၊ အသက် ၆၀နှစ် အရွယ် ဦးမောင်မြတင်၊ အသက် ၅၀နှစ်အရွယ် နော်ထက်ဆာဖိုး၊အသက် ၄၅ နှစ် အရွယ် နော်မမဲ၊ အသက်ရွယ် ၄၂ နှစ်အရွယ် စောခလယ်ထူး၊ အသက် ၅၃နှစ်အရွယ် မောင်သိန်းစိုး၊ တို့ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်လာရောက်လာသောကြောင့် ကြိတ်ကွင်း ကျေးရွာ၊ လေးအိမ်စုကျေးရွာ၊ နွားရေချောင်းကျေးရွာ၊ ရွာပေါင်း ၃ ရွာမှ ပြည်သူ ၁၃၄၇ ဦး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီမှ ၁၀ နာရီခန့်တွင် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ လက်ခံကျေးရွာ၊ ငါးဖယ်အင်းကျေးရွာနှင့် ကြိတ်ကွင်းကျေးရွာအနီးတို့တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး မွန်းလွဲ ၂ နာရီ အချိန်တွင် ၎င်းတပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာနေ အသက် ၄၂နှစ်အရွယ် ဦးသန်းလှိုင် ၏ ညာဘက်ခြေထောက်တွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကြိတ်ကွင်းကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များက အသက် ၇၁နှစ်အရွယ် ဖီးကော်လယ်၊ အသက် ၅၅ နှစ်အရွယ် စောလဲပွဲမူး တို့နှစ်ဦးအား ထပ်မံ ဖမ်းဆီးပြီးနောက် ကြိတ်ကွင်းကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီ ၁၅မိနစ်ခန့်တွင် ဆောထိမြို့နယ်အတွင်း ရှမ်းရွာခြေတော်ရာမှ အလုပ်လုပ်ပြီးပြန်လာသော မောင်တင်တင်မောင် အား ခလရ-၅၇ ပူးပေါင်းတပ်ရင်းက သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ဦးခေါင်းတွင် ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar