ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဒီဇင်ဘာလ ၂၄ရက်နေ့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ ဆန္ဒပြ ပြည်သူများက တောင်ယာလုပ်ငန်းခွင်များ လုပ်ကိုင်ရင်း “စစ်အာဏာရှင် အလိုမရှိကြောင်း”၊ “စစ်အကြမ်းဖက်အုပ်စုကိုထောက်ခံပေးနေသော တရုတ်အစိုးရကိုအလိုမရှိကြောင်း”၊ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး”၊ “သွေစွန်းငွေဖြတ်တောက်ရေး စစ်ကောင်စီကို ငွေမပေး” စသည့် ကြွေးကြော်သံများနှင့်အတူ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။