ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီးတဲ့နောက်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေ ရောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။
- ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်းကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
- ပဲခူးတိုင်း၊ သာယာဝတီခရိုင်ရှိ မြို့နယ် ၈ ခုမှာ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် အကြမ်းဖက် စစ်ကောင်စီက စစ်ကြောင်းထိုး၊ လုံခြုံရေး တင်းကျပ်ဖို့ စီစဉ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar