29 C
Yangon

နွားထိုးကြီးမြို့နယ်၊ ဒေါင်ဘိုးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၆၃ နှစ်အရွယ် ဦးအေးထွန်း သေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ နေအိမ်၊ ကားနှင့်ဆိုင်ကယ်များအပါအဝင် ပျက်စီးဆုံးရှုံးမှု များပြား

Must read

နွားထိုးကြီးမြို့နယ်၊ ဒေါင်ဘိုးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၆၃ နှစ်အရွယ် ဦးအေးထွန်း သေဆုံးပြီး ၃ ဦးဒဏ်ရာရ၊ နေအိမ်၊ ကားနှင့်ဆိုင်ကယ်များအပါအဝင် ပျက်စီးဆုံးရှုံးမှု များပြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဒေါင်ဘိုးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အသက် ၆၃ နှစ်အရွယ် ဦးအေးထွန်း သေဆုံးပြီး ၃ ဦးဒဏ်ရာရကာ နေအိမ်၊ ကားနှင့်ဆိုင်ကယ်များအပါအဝင် ပျက်စီးဆုံးရှုံးမှု များပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီအချိန် နွားထိုးကြီးမြို့နယ်၊ ဒေါင်ဘိုးကျေးရွာပေါ်သို့ ဗုံးများကျဲချခဲ့ရာ ကျေးရွာအတွင်းနေထိုင်သော အသက် ၆၃ နှစ်အရွယ် ဦးအေးထွန်း ပွဲချင်း​ပြီး သေဆုံးပြီး ဦးအေးထွန်း၏ ဇနီး ဒေါ်စန်းယု ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရရှိကြောင်း၊ မမာမသီ အသက် ၄၅ နှစ်နှင့် မဒေါ တို့မှာလည်း ဒဏ်ရာများရရှိသဖြင့် ဆေးရုံတင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ထို့ပြင် နေအိမ်များ ပျက်စီးဆုံးရှုံးအဖြစ် ဦးအေးထွန်း၏ နေအိမ်နှင့် ဦးအောင်မြိုင်၏အိမ်မှာ ဗုံးထိမှန်ပျက်စီးကြောင်း၊ လိုက်ထရပ်ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ ဆီစက် ၁ လုံး၊ ထော်လာဂျီ ၁ စီး ပျက်စီးကာ နွား ၃ ကောင် သေဆုံးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နွားထိုးကြီးမြို့နယ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article