27 C
Yangon

ရွာငံမြို့နယ်၊ မင်းပလောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇၀ ခန့်ပြာကျ၊ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေးထည်များ အရေးပေါ် လိုအပ်နေ

Must read

ရွာငံမြို့နယ်၊ မင်းပလောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇၀ ခန့်ပြာကျ၊ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေးထည်များ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မင်းပလောင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇၀ ခန့်ပြာကျပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ၍ စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေးထည်များ အရေးပေါ် လိုအပ်နေကြောင်း Ywangan PDF -JPRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရွာငံမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က မင်းပလောင်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် မင်းပလောင်ရွာမှ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေးထည်များ အရေးပေါ် လိုအပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျန်တော်တို့ Ywangan PDF -JPRF က တတ်နိုင်သလောက် လှူတန်းပေးနေပေမယ့်လည်း လူဦးရေက ၈၀၀ ကျော်တော့ မလုံလောက်ဘူးဖြစ်နေတယ်။ ဆောင်းရာသီ အလွန်အေးတဲ့ ကာလဖြစ်တဲ့အတွက် စောင်၊ အနွေးထည် ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်။ အေးတော့ မိုးကာတွေလည်း အဓိက လိုအပ်နေတယ်။ ရွာငံ စစ်ဘေးရှောင် ပြည်သူများ အတွက် ထမင်းတစ်နပ်၊ ဆပ်ပြာမှုန့် တစ်ထုတ်ပဲဖြစ်ဖြစ် ဆန်တစ်အိတ်ပဲဖြစ်ဖြစ် ကိုယ်ပါဝင်နိုင်သလောက် ပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု Ywangan PDF -JPRF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာသွားသော်လည်း မင်းပလောင်ရွာမှ စစ်ရှောင်ပြည်သူများမှာ နေရပ်ပြန်ရန် နေအိမ်များ မရှိတော့သောကြောင့် ဆက်လက် စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article