31 C
Yangon

တရုတ်အစိုးရက ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်း၏ မိသားစုဝင်များ အပါအဝင် မြန်မာနိုင်ငံသား ၁၆ ဦးကို လူသတ်မှု၊ ကျားဖြန့် လိမ်လည်မှု၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှု၊ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် စွဲချက်တင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်း၏ မိသားစုဝင်များ အပါအဝင် မြန်မာနိုင်ငံသား ၁၆ ဦးကို တရုတ်အစိုးရက လူသတ် မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ်တကျ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုများဖြင့် စွဲချက်တင်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက သတင်းဖော်ပြသည်။

တရုတ်နိုင်ငံ၊ Zhejiang အရှေ့ပိုင်းခရိုင်တွင် ကျားဖြန့် ငွေလိမ်လည်မှု အပါအဝင် ပြစ်မှု ကျူးလွန်သူ တရားခံ ၃၉ ဦးကို စွဲချက်တင်ခဲ့ကြောင်း၊ ၎င်းတို့အနက် ၁၆ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့ကို လူသတ်မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ် တကျ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုများဖြင့် စွဲချက်တင်ထားကြောင်း၊ အဆိုပါ စွဲချက်တင်ခံရသူများတွင် ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်း၏ မိသားစုဝင်များ ပါဝင်ပြီး မြီရှောက်ချန်းမှာမူ တရုတ်က ဖမ်း၀ရမ်းထုတ်ချိန်တွင် မိမိကိုယ်ကို သတ်သေသွားခဲ့ကြောင်း သိရှိရသည်။

ကျားဖြန့် ငွေလိမ်လည်မှုများ အပါအဝင် ရာဇဝတ်မှုများဖြင့် ဆက်စပ်နေသော မြီရှောက်ချန်း၏ သားဖြစ်သူ Ming Guoping (Mg Myin Shaut Phyin)၊ သမီး Ming Julan (Myin Shut Lan) နှင့် မြန်မာနိုင်ငံသားဟု ယူဆရသည့် မြေးမလေး Ming Zhenzhen (မသီရီမောင်) တို့ကို တရုတ်အာဏာပိုင်များထံသို့ မြန်မာစစ်တပ်က ၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင် လွှဲပြောင်းပေးခဲ့ကြောင်း၊ Ming Guoping ( အသက် ၄၃)နှစ်သည် မြန်မာစစ်တပ်၏ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်နေသည့် ကိုးကန့်နယ်ခြားစောင့်တပ်၏ ခေါင်းဆောင်ဖြစ်ကြောင်း သိရှိရသည်။

စွဲချက်တင်ခံရသူ သံသယရှိသူ ၃၉ ဦးသည် ကိုးကန့်ဒေသမှ မြီမိသားစု အစုအဖွဲ့မှ အဖွဲ့ဝင်များ သို့မဟုတ် ၎င်း၏ ဆက်စပ်အဖွဲ့များ ဖြစ်ကြောင်း ၊ သံသယရှိသူများသည် တရုတ် နိုင်ငံသားများ သို့မဟုတ် မြန်မာနိုင်ငံသား တရုတ်လူမျိုးများဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများဖြစ်သော်လည်း တရုတ်နိုင်ငံသားများ၏ ကိုယ်ပိုင်အခွင့်အရေးများကို ချိုးဖောက်ခြင်းကြောင့် တရုတ်အာဏာပိုင်များက ယင်းအမှုကို စီရင်ပိုင်ခွင့်ရှိသည်ဟု တရုတ်အစိုးရရှေ့နေများက ပြောဆိုကြသည်။

မြန်မာစစ်တပ်က ယခုနှစ် ဇန်နဝါရီလအတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ကျားဖျန့် အွန်လိုင်းငွေလိမ်လည် ဂိုဏ်း၏ အဓိက တရားခံဖြစ်သော ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံက ဖမ်း၀ရမ်းထုတ်ထားသော ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ပယ်ဆောက်ချိန် Bai Suocheng၊ ပယ်ရင့်ဆန်း Bai Yingcang (ပယ် ဆောက် ချိန်၏ သား) ၊ဝေစန်း (ခ) ဝေဝှိုင်ရန် Wei Huairen နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဌ ၊ လျှိုအားပေါက် (ခ) လျိုကျိန့်ရှန်း Liu Zhengxiang Fully Light ဖူလီလိုက် လုပ်ငန်းစု သူဌေး ၊လျှိုကျိန့် မောက် Liu Zhengmao ၊ ရွှီလောက်ဖား Xu Laofa တို့ကို အခြား အရေးကြီး တရားခံ ၄ ဦး စုစုပေါင်း ၁၀ ဦးတို့ကို စစ်ကောင်စီက နေပြည်တော်လေဆိပ်မှ တစ်ဆင့် တရုတ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီက မြီမိသားစုဝင်များနှင့် ပယ်ဆောက်ချိန် အပါအဝင် တရုတ်လိုချင်နေသော ကျားဖြန့် တရားခံများကို လွှဲပြောင်းပေးခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article