21 C
Yangon

ဘုတလင်မြို့နယ်၊ အင်အား ၃၀ ကျော်ရှိ အခိုင်အမာတည်ဆောက်ထားသော ကူတော်နယ် မြေခံရဲစခန်းကို စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွား၊ စခန်းပတ်လည်တွင် စစ်တပ် ထောင်ထားသည့် မိုင်းများကို ရှင်းလင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အင်အား ၃၀ ကျော်ရှိ အခိုင်အမာတည်ဆောက်ထားသော ကူတော်နယ် မြေခံရဲစခန်းကို စစ်ကောင်စီတပ်များ စခန်းစွန့်ခွာသွားကြောင် ဘုတလင်မြို့နယ်မှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကူတော်နယ်မြေရဲစခန်းကို စစ်ကောင်စီတပ်သားများက စွန့်ခွာသွားခြင်းဖြစ်ပြီး ယင်းစခန်းကို အင်အား ၃၀ ခန့် တပ်စွဲထားကာ အခိုင်အမာတည်ဆောက်ထားကြောင်း၊ ဘုတလင်မြို့ပေါ်မှ စစ်တပ်စစ်ကြောင်းက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” ကူတော်ရွာ ရဲစခန်းက စခတွေကို ဘုတလင်မြို့ပေါ်က စစ်ကြောင်းနဲ့ လာခေါ်သွားတာ။ စခန်းကနေထွက်သွားတာက ဒီဇင်ဘာ၃၁ရက် နေ့ ထွက်သွားတာ။ စခန်းထဲ စခ တွေမရှိ တော့ဘူးလို့သိရတာက ဇန်နဝါရီ ၁ ရက် နေ့ မွန်းလွဲ ၂နာရီ လောက်မှသိရတာ။ စခန်းအတွင်းမှာ တော့ ဘုတလင်မြို့နယ်ပြည်သူကာကွယ်ရေးတပ် ကိုကြွက်ကလေးအဖွဲ့အဖွဲ့နဲ့ မောင် ထောင်တိုက်နယ်က ပြည်သူကာကွယ်ရေးအဖွဲ့တွေ ပေါင်းပြီး ရှင်းလင်း ရေးလုပ်သွားတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ ကူတော်ရွာရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်ကရှင်းလင်း ရေးပြုလုပ်ခဲ့ပြီး စစ်ခန်းအတွင်းမှ ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စခန်းပတ်လည်မှ မိုင်းများကိုလည်း ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

*ကျနော်တို့သိရ‌‌သလောက်က စခန်းအတွင်းမှာ စစ်တပ်က တိုက်မိုင်းတွေ၊ နင်းမိုင်းတွေ ထောင်ထားခဲ့တယ်။ စခန်းအတွင်းက ပြည်သူတွေဆီက နေ မတရားသိမ်းဆည်းထားတဲ့ ကား တွေ၊ဆိုင်ကယ်တွေ၊မီးစက်တွေနဲ့ပရိဘောကတွေသိမ်းဆည်းရမိတာတွေရှိတယ်လို့ သိထားရတယ်။ ကာကွယ်ရေးတပ်ကတော့စခန်းကိုရှင်းလင်း ရေးလုပ်ပြီး ပြန်ထွက်သွားပြီး။ စခန်းကို စွန့်သွားတဲ့ စခ တွေကတော့ ဘုတလင်မြို့ ပေါ်ကို ရောက်သွားပြီ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ရန်ကုန် ခေတ်သစ်က ကူတော်ရွာစခန်းအတွင်းမှ အ ခြေအနေများနှင့်ပတ်သက်ပြီး ဘုတလင်ပြည်သူ့ ကာကွယ်ရေးတပ်မှ ကိုကြွက်ကလေးနှင့် မောင် ထောင်ရွာတိုင်နယ်မှ ကိုဝေကြီးတို့ ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရရှိပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article