32 C
Yangon

သပိတ်ကျင်း၊ ချောင်းကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ ၊ နတ်နန်း၊ မီးသတ်ရုံး၊ နေအိမ်များ ၊ ကား ၅ စီး အပါအဝင် ပျက်စီးဆုံးရှုံးမှု အလွန်များပြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိကြောင်း သပိတ်ကျင်းတိုက်နယ်(ပကဖ)မှ ဗိုလ်လင်းယုန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂ ရက်နေ့ ည ၈ နာရီ ၀၁ မိနစ်အချိန် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာသို့ စစ်ကောင်စီက စစ်လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက စစ်ရေးပစ်မှတ် မဟုတ်သည့် နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သေဆုံးသူတွေက အရပ်သားပြည်သူတွေပါ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချတာပါ” ဟု သပိတ်ကျင်းတိုက်နယ်(ပကဖ)မှ ဗိုလ်လင်းယုန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။

ထို့ပြင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အရပ်သား နေအိမ် ၂၃ လုံး၊ မီးသတ်ရုံး၊ နတ်နန်း ဘာသာရေး အဆောက်အဦ၊ မေတ္တာစမ်းရေ လူမှုကယ်ဆယ်ရေးရုံး၊ ပရဟိတကူညီရေး ကား ၅ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article