24 C
Yangon

အမေရိကန်၊ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် မြန်မာ့အရေး တရုတ် စွက် ဖက်မှု ဆန့်ကျင်ရေး အနုပညာရှင်များနှင့် ပြည်ပရောက်မြန်မာများ ဆန္ဒပြ

Must read

အမေရိကန်၊ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့တွင် မြန်မာ့အရေး တရုတ် စွက် ဖက်မှု ဆန့်ကျင်ရေး အနုပညာရှင်များနှင့် ပြည်ပရောက်မြန်မာများ ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၄

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေး တရုတ်နိုင်ငံက ဝင်ရောက် စွက်ဖက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ရောက် မြန်မာ အနုပညာရှင်တွေနဲ့ ပြည်ပရောက်မြန်မာတွေက ဒီနေ့ ဆန္ဒပြကြပါတယ်။

တရုတ်နိုင်ငံရဲ့ မှားယွင်းတဲ့ပေါ်လစီအပေါ်ကို ကန့်ကွက်ပြီး မြန်မာ့အရေး ဝင်မစွက်ဖက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အမေရိကန်ရောက် မြန်မာတွေ၊ အနုပညာရှင်တွေက တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အနုပညာရှင်တွေနဲ့ အမေရိကန်ရောက် မြန်မာတွေက အမေရိကန် ဒေသစံတော် ချိန် ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂နာရီ ကနေ ညနေ ၅ နာရီအထိ ဆန္ဒပြခဲ့ကြပြီး ဒီဆန္ဒပြပွဲကို ဇန်နဝါရီ ၄ ရက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့နဲ့ အချိန်ကိုက်ကာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား၊ ပန်ဆယ်ဗေးနီးယား၊ ဗာဂျီးနီးယား၊ မယ်ရီလန်း၊ နယူးဂျာစီ၊ ဘဖလိုး၊ ဘော်စတွန်၊ Richmond, Texasတို့မှ မြန်မာနိုင်ငံသားတွေ လာရောက်ဆန္ဒပြခဲ့ကြပြီး အဆိုတော် ရန်ရန်ချမ်း၊ ကော်ဘရာ၊ လင်းနစ်၊ လင်းထက်၊ ကျော်သီဟ၊ ထက်အောင်ရှိုင်းတို့လည်း ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

နှင်းတွေ ကျနေတဲ့ကြား တရုတ်သံရုံးရှေ့မှာ ဆန္ဒပြသူတွေဟာ မြန်မာ၊ တရုတ်၊ အင်္ဂလိပ်လို တောင်းဆို ကြွေးကြော်ခဲ့ကြတဲ့အပြင် သံပုံးတီး ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

မင်းအောင်လှိုင်လို ၀ရမ်းပြေးနဲ့ ပေါင်းသရွေ့ တရုတ်တွေကို သံပုံးတီး မောင်းထုတ်ပြီး ဆန္ဒပြနေမယ်လို့လည်း ဆန္ဒပြပွဲကိုလာရောက်တဲ့ပြည်သူတစ်ဦးက ပြောပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သံတမန်ရေးအရ အကာအကွယ်ပေးနေတာ ရပ်တန့်ဖို့၊ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံနေတာရုတ်သိမ်းဖို့၊ မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာရပ်တန့်ဖို့၊ ကြေးစားတပ်တွေ မြန်မာနိုင်ငံမှာ ချထားဖို့ သဘောတူထားတာ ရုတ်သိမ်းဖို့၊ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ဖို့ ဖိအားပေးနေတာရပ်တန့်ဖို့ စတဲ့ တောင်းဆိုချက် ၅ ချက်ကိုလည်း ဒီဆန္ဒပြပွဲကနေတစ်ဆင့် တောင်းဆိုခဲ့ကြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article