စလင်းမြို့နယ်၊ ဇရပ်လှရွာကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဇရပ်လှရွာကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့တွင် စလင်းမြို့နယ်မှ ဇရပ်လှရွာကို ဦးတည်ထွက်ခွာလာသည့် အင်အား ၁၅၀ ဝန်းကျင်ပါ အကြမ်းဖက် စ်တပ်၏ စစ်ကြောင်း ၃ ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး ထက်မနည်း သေဆုံးပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းအဖွဲ့နှင့် မကွေးတိုင်းတိုင်း လက်ရုံး ဒရုန်းအဖွဲ့တို့က ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဆက်လက် ကြိုးစား တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။