20 C
Yangon

ချောင်းဦး-မြင်းမူ လမ်းတွင် တော်လှန်ရေးတပ်များ ထောင်ထားသည့် မိုင်းများကို စစ်တပ်က သိမ်းဆည်းပြီးနောက် စစ်စခန်းအရောက် ပေါက်ကွဲမှုဖြစ်၍ စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် PDF တပ်ဖွဲ့များ ထောင်ထားသည့် အဝေးထိန်းမိုင်းကို အကြမ်းဖက် စစ်တပ်က သိမ်းဆည်းသွားပြီး စစ်စခန်းကို ပြန်ရောက်စဉ် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း ၊ တပ်ခွဲ-၃) မှ ဗိုလ်မိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ နေ့တွင် ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မိုင်းကွင်းများ အနီးကို ရောက်ရှိလာကာ ခရီးသွား ပြည်သူများ၏ ကား ၂ စီးကို တားဆီး၍ ပြည်သူများကို မိုင်းများ ရှာဖွေ ရှင်းလင်း ခိုင်းပြီးနောက် အဝေးထိန်း မိုင်းပါဝင်သည်ကို စစ်ကောင်စီ တပ်သားများက မသိရှိဘဲ မိုင်းများကို ကားဖြင့် ယူဆောင်သွားကြောင်း သိရသည်။

ထိုသို့ ယူဆောင်သွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခရေဖြူ စစ်တပ်ဂိတ်ကို ရောက်ရှိလာပြီး ကားပါ် မှ မိုင်းများကို ချနေစဉ် တော်လှန်ရေး ရဲဘော်များက အဝေးထိန်း မိုင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၇ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဂိတ်ကို ထင်း နှင့် သဲ ပို့ဆောင်ရန် ရောက်ရှိနေသော ပြည်သူ ၁ ဦး လည်း မိုင်းဆ ထိမှန်ခဲ့ပြီး ရင်ဘက်နှင့် ခေါင်းတွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည့်အတွက် အနူးအညွတ် တောင်းပန်းထားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မိုင်း အလုံး ၃၀ ၊ ဘထရီ အိုး ၇ လုံးနဲ့ အဝေးထိန်း မိုင်း ၁ လုံးတို့ကို သိမ်းသွားတာ သူတို့ သိမ်းသွားတဲ့ထဲမှာ အဝေးထိန်းမိုင်းပါတယ်ဆိုတာ မသိဘူး။ သူတို့ကားနဲ့ ယူဆောင်သွားပြီး စခန်းပြန်ရောက်တော့ မိုင်းတွေကို ကားထဲက ချနေတဲ့ အချိန်မှာ အဝေးထိန်းမိုင်းကို ဖောက်ခွဲ လိုက်တာ စစ်ခွေး ၃ ကောင်သေတယ်။ ပြည်သူ တစ်ဦးလည်း ထိခိုက်သွားတယ်ဆိုလို့ အနူးအညွတ် တောင်းပန်ပါတယ်” ဟု လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း ၊ တပ်ခွဲ-၃) မှ ဗိုလ်မိုးကြိုးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အစဉ်အမြဲ နေရာမရွေး တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်သားများနှင့် အနီးကပ် သွားလာ နေထိုင်ခြင်း မပြုလုပ်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း ၊ တပ်ခွဲ-၃)၊ Eleven People Defense Force၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်းနှင့် Nway Oo Brothers Column ( နွေဦး ညီကိုများ စစ်ကြောင်း) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – တော်လှန်ရေးတပ်များ ထောင်ထားသော ပီပါမိုင်းတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တော်လှန်ရေးတပ်များ ထောင်ထားသော ပီပါမိုင်းတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article