20 C
Yangon

စစ်ကိုင်းမြို့နယ်နှင့် တန့်ဆည်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၈ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လက်ပန်ရွာ အုပ်ချုပ်ရေးမှူးကို ဝင်ရောက် တိုက်ခိုက်သည့် တော်လှန်ရေး ရဲဘော်များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် အစောပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ လက်ပန်ရွာ အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာလာစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများလိုက်ပါလာသော ကားများဖြင့် ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၂ ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိကာ ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများရောက်ရှိလာပြီး သေဆုံးသွားသည့် စစ်ကောင်စီ တပ်သားများ စီးနင်းလာသည့် ကား ၂ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူများကို ဆဲဆိုပြီး ကျေးရွာအတွင်းမှ ပြောင်းရွေ့နေထိုင်ကြရန်နှင့် ပြောင်းရွေ့ခြင်းမရှိပါက ရွာကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“လက်ပန်ရွာ ပျူစောထီး အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ပြီး ပြန်လာတဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ စစ်ခွေးကားနဲ့ ထပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်တာ တိုက်ပွဲဖြစ်ဖြစ်ခြင်းမှာ စစ်ခွေး ၄ ကောင်သေတယ်။ ရဲဘော်တွေဘက်ကလည်း ထိခိုက်မှုရှိတယ်လို့ သိရပေမယ့် ဘယ်အဖွဲ့က လုပ်ဆောင်တာလည်း ဆိုတာတော့ မသိရဘူး။ အခုတော့ ရွာကလူတွေ ပြောင်းရွေ့နေကြပြီး စစ်ခွေးတွေက ရွာမှာ ဆက်နေရင် မီးရှို့မယ်လို့ ပြောပါတယ်။ စစ်ခွေးတွေက သူတို့ စီးလာတဲ့ကား ၂ စီးကို လည်း သူတို့ ဘာသာ မီးပြန်ရှို့သွားတယ်။ အားလုံးပေါင်း သေတာက စစ်ခွေး ၆ ကောင်နဲ့ အုပ်ချုပ်ရေးမှူးနဲ့ဆိုတော့ ၇ ကောင် သေတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးဂွရွာအနီးရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန် သည်။

ဇန်နဝါရီလ ၇ ရက် ည ၁၁ နာရီအချိန်က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ မူးဂွကျေးရွာ အနီးရှိ ကင်းစခန်းတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေ ၊ ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA)၊ Hydra Force၊ တပ်ရင်း (၂၅) ၊ တပ်ရင်း (၁၆) နှင့် ပ.က.ဖ တို့ ပူး ပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article