28 C
Yangon

ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄၀ ဦး သေဆုံး ပြီး လက်နက် ၃၀ ကျော် သိမ်းဆည်းရရှိ၊ စစ်တပ်က အသုံးပြုနေသည့် ကလေးစစ်သား ၁ ဦးကိုလည်း ဖမ်းမိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ရွှေတစ်ဂူကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား ၄၀ ဦး သေဆုံး ပြီး လက်နက် ၃၀ ကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်း ဆီဆိုင်မြို့နယ် ၊ ရွှေတစ်ဂူကျေရွာရှိ အကြမ်း ဖက်စစ် ကောင်စီတပ်နှင့် PNO ပြည်သူစစ်ပူးပေါင်း အထိုင်စခန်းကို ကရင်နီတပ်ပေါင်းစုက စစ်သား၊ PNO ပြည်သူ့စစ် ၄၀ ဦးသေဆုံးပြီး အသက် ၁၅ နှစ်အရွယ် PNO ကလေးစစ်သား ၁ ဦးကို လက်နက် ၃၀ ကျော် နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

“မနေ့က ဆီဆိုင်မြို့နယ်ထဲမှာရှိတဲ့ ရွှေတစ်ဂူစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တာဖြစ် ပါတယ်။ စစ်ကောင်စီတပ်သား ၄၀ ဦးသေဆုံးခဲ့ပါတယ်။ လက်နက် ၃၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ပါ တယ်။ ကလေးစစ်သား ၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တာရှိပါတယ်။ အသက် ၁၅ နှစ်ဖြစ်ပါတယ်။ PNO ရဲ့ ကလေးစစ်သားဖြစ်ပါတယ်။ PNO ဘက်က ကလေးသူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်း တာတွေ၊ တပ်သားစုဆောင်းတာတွေလုပ်နေပါတယ် ” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO အဖွဲ့က ကလေးစစ်သားများ အပါအဝင် စစ်သားများ စုဆောင်းပြီး တပ်သား သစ်များကို မူးယစ်ဆေးဝါးများ သုံးစွဲစေပြီး ပြည်သူလူထုကို ဆက်ကြေးကောက်ခြင်း၊ ဂိတ်စောင့်ခြင်း၊ ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက် ဖိနှိပ်သော လုပ်ရပ်များကို လုပ်ဆောင်ခိုင်းနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article