28 C
Yangon

လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး သေဆုံးပြီး ၄လကလေး လက်တစ်ဖက်ဆုံးရှုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး သေဆုံးပြီး ၄ လအရွယ် ကလေးငယ်မှာမူ လက်တစ်ဖက်ဆုံးရှုံးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့ လွိုင်လင်လေး အခြေစိုက် ခမရ ၅၃၀ တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ အိုင်စန့်ကျေးရွာသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း၊ အသက် ၄ လအရွယ် ကလေးငယ်မှာ လက်တစ်ဖက် ပြတ်သွားခြင်း အပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆီဆုံမြို့နယ်၊ ရွှေတစ်ဂူကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်တပ်က အရပ်သားပြည်သူများနေထိုင်သော နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၁၂ နှစ် အောက် ကလေးငယ် ၂ ဦး သေဆုံးပြီး လသား အရွယ် ကလေးငယ်တစ်ဦး လက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း၊ သိရသည်။

ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိခဲ့သည့် ရွှေတစ်ဂူကျေးရွာ စခန်းသည် ဆီဆိုင်မြို့နှင့် အနည်းငယ် သာကွာဝေးပြီး စစ်ရေးအရ အရေးပါသည့် စခန်းဖြစ်ကြောင်း၊ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပထမဆုံးသိမ်းပိုက်နိုင်ခဲ့သည့် စခန်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article