29 C
Yangon

AA က တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ဥသျှစ်ပင်မြို့နှင့် မိုးထိတောင်တွင် ခံစစ် ပြင်နေ၊ ဥသျှစ်ပင်-ပန်းတောင်း လမ်းတစ်လျှောက် ရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်

Must read

AA က တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ဥသျှစ်ပင်မြို့နှင့် မိုးထိတောင်တွင် ခံစစ် ပြင်နေ၊ ဥသျှစ်ပင်-ပန်းတောင်း လမ်းတစ်လျှောက် ရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ တစ်ဆင့် AA က ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အတွင်းသို့ ဝင်ရောက် တိုက်ခိုက်လာမည်ကိုစိုးရိမ်၍ ဥသျှစ်ပင်မြို့နှင့် မိုးထိတောင်တွင် ခံစစ် ပြင်နေပြီး ဥသျှစ်ပင်-ပန်းတောင်း လမ်းတစ်လျှောက် ရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း၊ ဥသျှစ်ပင်-ပန်းတောင်း လမ်းပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေ၍ ပြည်သူများ မြို့ပေါ် စစ်ရှောင်နေရကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဥသျှစ်ပင်-ပန်းတောင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများဘက်ကို နေ့စဉ် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေခြင်းကြောင့် ကျေးရွာများမှ ပြည်သူများ ဥသျှစ်ပင်မြို့ပေါ် စစ်ဘေးတိမ်းရှောင်မှုများရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ဥသျှစ်ပင်မြို့တွင် အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများ မောင်းနှင်လေ့ကျင့်နေပြီး မြို့ပေါ်တွင် စစ်ကား အဝင်အထွက်များပြားကာ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် ဘက်ကို စစ်ကောင်စီ တပ်သားများ ပို့ဆောင်မှု ရှိကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဥသျှစ်ပင်မြို့ အနီးရှိ မိုးထိတောင်တွင်လည်း အင်အား အများအပြားဖြင့် ခံစစ် ပြင်ဆင်နေကာ မိုးထိတောင်သည် အပေါ်စီးမှ နေရာ အားလုံးကို မြင်တွေ့ရသည့်အတွက် လက်နက်ကြီး တပ်ဆင်မှုများပါ ပြုလုပ်နေကာ အခိုင်အမာ တပ်စွဲနေကြောင်း သိရသည်။

“တိုက်ပွဲတွေကတော့ အခုငြိမ်နေတယ်ပေါ့။ ဒါပေမယ့်လည်း စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ဥသျှစ်ပင်-ပန်းတောင်း လမ်းပိုင်း တစ်လျှောက်ကို ရမ်းထုနေတာရှိတယ်။ ပြည်သူတွေကတော့ ဆက်လက် တိမ်းရှောင်နေတာတွေရှိသေးတယ်။ မြို့ပေါ်ကို ရောက်လာတဲ့ စစ်ရှောင်တွေလည်း ရှိတယ်။ ပုဂံကွဲရွာက ပြည်သူတွေကတော့ မြို့ထဲဘက်ကို နေရာရွေ့ နေကြပြီ စစ်ခွေးတွေကတော့ မိုးထိတောင်မှာ နေရာယူထားတယ်။ အင်အားများတယ်။ မိုးထိတောင်က အမြင့်ဆုံးတောင်ဆိုတော့ အပေါ်စီးကနေ နေရာယူထားတဲ့သဘောပေါ့။ ဥသျှစ်ပင်မြို့ပေါ်မှာလည်း စက်တပ် လေထီးတွေ မောင်းနှင် လေ့ကျင့်နေတာတွေလည်းရှိတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ဥသျှစ်ပင်မြို့ရှိ တပ်တချို့ကိုလည်း ပြည်မြို့ဘက်ကို ရွေ့ပြောင်းမှုများ လုပ်ဆောင်နေပြီး DC ကားများတွင်လည်း လက်နက်ကြီးများ တပ်ဆင်ထားကာ jammer များလည်း ထပ်တိုး တပ်ဆင်ထားကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်မြို့တွင် စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ် (ပျူစောထီး)များကို တွေ့ဆုံပွဲ လုပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article