26 C
Yangon

ညောင်လေးပင်မြို့နယ်၊ စည်ပင်ရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သော ပျူစောထီးအဖွဲ့ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကာ အုပ်ချုပ်ရေးမှူး မင်းမင်းဦး ဗိုက်ပေါက်အူထွက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ပျူစောထီးများကို ပစ် ခတ်ခံရ ကာ ပျူစောထီး ၂ ဦးသေဆုံးပြီး အုပ်ချုပ်ရေးမှူးမင်းမင်းဦးနှင့် ပျူစောထီး ငဇော်တို့ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၇ နာရီခန့်အချိန် ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာအုပ်ချုပ် ရေးမှူး မင်းမင်းဦးနှင့် ပျူစောထီး ၃ ဦးသည် စည်ပင်ရွာနှင့် ဂျောင်းတာကျေးရွာကြားရှိ ဝိသဖန်း အင်း သို့ ကားဖြင့် သွားရောက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ ကားနောက်၌ လိုက်ပါလာသူ ပျူစောထီး သံလွင်နှင့် လွင်ဦးတို့ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရ သည်။

ထို့အပြင် အုပ်ချုပ်ရေးမှူး မင်းမင်းဦးတွင် ဗိုက်ထိမှန် အူထွက်ဒဏ်ရာရရှိထားကြောင်း၊ ပျူစောထီး ငဇော်မှာ လက်မောင်းထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရရှိသူများကို တောင်ငူဆေးရုံသို့ ပို့ဆောင်ကုသထား ပြီး သေဆုံးသွားသော ပျူစောထီး စံအေးနှင့် လွင်ဦးတို့၏ အလောင်းကို မိသားစုကနေအိမ်သို့ သယ် ဆောင်သွားကြောင်း သိရသည်။

“အုပ်ကြီးမင်းမင်းဦးရဲ့ အင်းထဲမှာ ပစ်ခံလိုက်ရတာ။ PDF တွေက ဆိုင်ကယ်လာစောင့်ပြီး ပစ်သွား တာလို့ သိရတယ်။ စံအေးနဲ့ လွင်ဦးတို့ကတော့ ကားနောက်ခန်းမှာ လိုက်လာတာရယ်၊ မိုးကာအုပ် ထားတာမရှိတာကြောင့် ခေါင်းထိပြီးပွဲချင်းပြီးသေတယ်။ အုပ်ကြီးမင်းမင်းဦးကတော့ ဗိုက်ကနေ ထွက်တဲ့အူတွေကို အဝတ်နဲ့ပတ်စည်းပြီး ရွာကို အတင်းပြန်မောင်းလာတာ။ ကားနောက်ခန်းမှာက ပုဇွန်တွေ၊ ငါးတွေလည်းပါတယ်။ ကားရှေ့ခန်းမှာလိုက်လာတဲ့ ငဇော်က လက်မောင်းပဲထိမှန်တာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် စည်ပင်ကျေးရွာသို့ ရဲ ၂ ဦးနှင့် အရပ်ဝတ် ပျူ စောထီးများ ရောက်ရှိလာကာ စစ်ဆေးခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆိုင်ကယ် များဖြင့် အေးဆေးထွက်ခွာသွားကြောင်း၊ အလားတူ ဂျောင်းတာဘက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

စည်ပင်ရွာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့သည် ကျေးရွာနေပြည်သူများကို လစဉ်ကြေး ၂ သောင်းခွဲ ကောက်ခံသည့်အပြင် ၁၅ ရက်တစ်ကြိမ်လျှင် ၅ သောင်း သို့မဟုတ် ၈ သောင်းကျပ် ကောက်ခံလေ့ရှိကြောင်း၊ အခြားကျေးရွာမှ လူငယ်များကိုလည်း ဖမ်းဆီးပြီး ပေါ်တာဆွဲခြင်း၊ ရိုက် နှက်နှိပ်စက်ငွေတောင်းခြင်း ၊ စည်ပင်ရွာမှ ယောက်ျားလေးများကိုလည်း တောင်းငွေမပေးပါက စစ် ထဲထည့်မည်ဟု ခြိမ်းခြောက်ကာ ငွေတောင်းခံများပြုနေကြောင်း သိရသည်။

“ပစ်ခံရတဲ့ အုပ်ကြီးမင်းမင်းဦးနဲ့အဖွဲ့တွေက ရွာထဲက လူငယ်တွေကို တောင်းငွေမပေးရင် စစ်ထဲသွင်း တယ်၊ ငွေကလဲ တစ်ခါတည်းနဲ့ မပြီးဘူး။ ထပ်ခါ ထပ်ခါတောင်းတာ။ အခုစည်ပင်ရွာက အဖိုးကြီးနဲ့ ပျူတွေလောက်ပဲကျန်တာ၊ ပြောင်ကြီးမင်းမင်းဦးကတော့ တောင်ငူဆေးရုံရောက်နေပြီ။ သေမသေ တော့ မသိရသေးဘူး၊” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article