25 C
Yangon

ကြံခင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ကား ၊ ဓာတ်ဆီ ပေပါ ၅ လုံး နှင့် အဖိုးတန်ပစ္စည်းများကို လုယက် ယူဆောင်သွား

Must read

ကြံခင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ကား ၊ ဓာတ်ဆီ ပေပါ ၅ လုံး နှင့် အဖိုးတန်ပစ္စည်းများကို လုယက် ယူဆောင်သွား

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ကား ၊ ဓာတ်ဆီ ပေပါ ၅ လုံး နှင့် အဖိုးတန်ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က လုယက် ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စုရှိ ထိန်ပင်မြောင်ရွာ၊ စပါးအိုးရွာနှင့် ပိုးစုကြီးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကားများဖြင့်ရောက်ရှိလာပြီး အင်အား ၅၀ ခန့်ဖြင့် ပြည်သူပိုင် နေအိမ်များကို အကြောင်းမဲ့ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွင် ရပ်ထားသော ပြည်သူပိုင် ကား ၃ စီးကို လိုင်စင်မရှိဘူးဟုဆိုတာ သိမ်းဆည်းသွားပြီး ထိန်ပင်မြောင်ရွာထိပ်ရှိ ဓာတ်ဆီဆိုင်မှ ဆီ ပေပါ ၅ လုံးကိုလည်း ယူဆောင်သွားကြောင်း၊ ထိုပြင် ပြည်သူပိုင် နေအိမ်အတွင်းရှိ ဗီရိုများ၊ မှန်တင်ခုံများ၊ ထိုင်ခုံနှင့် အဖိုးတန် များကိုလည်း အကြောင်းအမျိုးမျိုးပြ၍ ယူဆောင်သွားကြောင်း သိရှိရသည်။

ယင်းသို့ ယူဆောင်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကားများကို ပြန်ရွေးရန် ပြည်သူများကို လိုက်လံပြောဆိုနေပြီး လက်ရှိချိန်တွင် ဒေသပြည်သူများက ကြောက်လန့်နေသောကြောင့် သွားရောက် ရွေးထုတ်ခြင်းမရှိသေးကြောင်း သိရသည်။

“ထိန်ပင်မြောင်ရွာ ၊ စပါးအိုးရွာ နဲ့ ပိုးစုကြီးရွာတွေကို ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ စစ်ကားတွေနဲ့ စစ်သား ၅၀ လောက်ရောက်လာပြီး အိမ်မှာရပ်ထားတဲ့ ကားတွေကို လိုင်စင်မရှိလို့ဆိုပြီး သိမ်းသွားတယ် ၃ စီးပါသွားပါတယ်။ ပြီးတော့ ထိန်ပင်မြောင်ရွာထိပ်က ဓာတ်ဆီဆိုင်က ဆီ ပေပါ ၅ လုံးကိုလည်း ယူသွားတယ်။ နောက်ပြီး ဗီရိုတွေ မှန်တင်ခုံတွေ ထိုင်ခုံတွေနဲ့ အဖိုးတန် ပစ္စည်းတွေကို အကြောင်းအမျိုးမျိုးပြပြီး လိုက်လံ ယူဆောင်သွားတယ်။ ယူသွားတဲ့ ကားတွေကိုလည်း လာပြန်ရွေးခိုင်းနေပါတယ်။ ပြည်သူတွေ အကုန်လုံးကတော့ ကြောက်လန့်နေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ-ဧရာ၀တီတိုင်းအတွင်း စစ်ဆေးရေးလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article