24 C
Yangon

သာယာဝတီထောင်တွင် အကျဉ်းချခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် ရုတ်တရက် ကွယ်လွန်သွားခဲ့မှု စုံစမ်းစစ်ဆေးရေးလုပ်ရန် လိုအပ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ကိုသူရအောင်(ခ)ကိုကုလားကြီးသည် ဇန်နဝါရီလ ၅ ရက်နေ့တွင် ရုတ်တရက်နှလုံးဖောက်ခြင်းရောဂါကြောင့် ကျဆုံးခဲ့ရသည်ဟု အကျဥ်းထောင်အာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို စုံစမ်းစိစစ် လိုအပ်လျက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား ကိုသူရအောင်သည် အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး နှလုံးနှင့် ပတ်သက်၍ ရောဂါမရှိဘဲ ကျန်းမာသန်စွမ်းသူတစ်ဦးဖြစ်ကြောင်း၊ ယခုကဲ့သို့ ရုတ်တရက်နှလုံးဖောက်ခြင်းကြောင့် သေဆုံးရသည်ဟူသည့် အကျဉ်းထောင်အာဏာပိုင်များ၏ပြောဆိုချက်ကို မှန်ကန်မှု ရှိ၊ မရှိကိုမှု စိစစ်ရန်လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောဆိုသည်။

“အကျဉ်းထောင်အတွင်းမှာ ကျန်းမာရေးကိစ္စသေဆုံးမှုတွေက တဖြည်းဖြည်းများလာနေပြီပေါ့နော်။ ၂၀၂၄ ခုနှစ်အတွင်းမှာပဲ အနည်းဆုံးနိုင်ငံရေးအကျဉ်းသား အကျဉ်းသား ၃၄ ဦးလောက် ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိလို့ ကျဆုံးခဲ့ရပါတယ်။ ဒီလထဲမှာလည်း အနည်းဆုံး ၂ ဦးရှိပြီ။ ဒါတောင် တချို့ သေဆုံးမှုတွေက သိရှိဖို့ ခက်ခဲလာတယ်။ ဒါဟာ အင်မတန်စိုးရိမ်စရာကောင်းတဲ့အချက် ဖြစ်တယ်။ ဒါကြောင့် ICRC လို အဖွဲ့တွေအနေနဲ့ အကျဉ်းထောင်တွင်း အကျဉ်းသားအားလုံး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာရရှိဖို့နဲ့ ထောင်တွင်း ကျန်းမာရေး အစီအစဉ်တွေကို ဝင်ရောက်စိစစ်တာမျိုး လုပ်ခွင့်ရဖို့ အမြန်ဆုံးကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကိုသူရအောင်သည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်ရှိ အမျိုးသားဆောင် အဆောင်(၄)တွင် လက်နက်ပုဒ်မ ၂၃ က ဖြင့် စစ်ခုံရုံးက ထောင်ဒဏ်(၃)နှစ် အပြစ်ချမှတ်ခံထားရဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article