ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက် ဆန္ဒပြ
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဇန်နဝါရီလ ၁၉ရက်နေ့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ ဆန္ဒပြ ပြည်သူများက “စစ်အာဏာရှင် အလိုမရှိကြောင်း”၊ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး”၊”သွေးစွန်းငွေဖြတ်တောက်ရေး စစ်ကောင်စီကို ငွေမပေး” စသည့် ကြွေးကြော်သံတွေ့နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။