27 C
Yangon

အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ် သီး အစည်းအဝေးများသို့ တက်ရောက်ခွင့်မပြု၊ ပဋိပက္ခများအတွင်း ရွေးကောက်ပွဲက ဦးစားပေး မဟုတ်ဟု စစ်ကောင်စီကို သတိပေး

Must read

🟥 “ရွေးကောက်ပွဲက အားလုံးပါဝင်ရမယ်။ ရွေးကောက်ပွဲဟာ ကွက်ပြီး သီးခြား လုပ်လို့မရပါဘူး။ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်။ ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ ဦးစားပေးက အပစ်အခတ်ရပ်စဲဖို့ပါပဲ “

ရန်ကုန်၊ ဇန်နဝါရီ ၂၀

အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက မြန်မာစစ်တပ်ကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုရန် ဆက်လက် ဆုံးဖြတ်လိုက်ကြောင်း အဆိုပါအစည်းအဝေးက တရားဝင် သတင်းထုတ်ပြန်သည်။

အာဆီယံဥက္ကဋ္ဌသစ် မလေးရှား ဦးဆောင်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့ မလေးရှားနိုင်ငံ၊ လန်ကာဝီတွင် ကျင်းပ ပြုလုပ်ပြီးနောက် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်မှာ စစ်အာဏာ သိမ်း စကတည်းက စစ်ကောင်စီကို အာဆီယံက အရေးယူထားသည့် မူဝါဒကို ဆက်လက် သက်တမ်းတိုး ကျင့်သုံးခြင်းလည်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံမှ စစ်ကောင်စီကိုယ်စား နိုင်ငံရေးရာထူး ရယူထားခြင်းမဟုတ်သော အဆင့်နှိမ့်ချထားသော စစ်ကောင်စီ နိုင်ငံခြားရေး အရာရှိတစ်ဦးက အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး တက်ရောက်ခဲ့ပြီး ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီားများသို့ ရှင်းပြခဲ့ကြောင်း၊ သို့ရာတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ပြည်တွင်းစစ် ပြင်းထန်နေချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန်မှာ ဦးစားပေး မဖြစ်သင့်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ စတင်ရန်နှင့် ပစ်ခတ်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းပြောဆိုသည်။

“ရွေးကောက်ပွဲက အားလုံးပါဝင်ရမယ်။ ရွေးကောက်ပွဲဟာ ကွက်ပြီး သီးခြား လုပ်လို့မရပါဘူး။ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲက ကျနော်တို့ရဲ့ ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ရဲ့ ဦးစားပေးက အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ပါပဲ။ မလေးရှားအနေနဲ့ မြန်မာက ဘာတွေ စိတ်ထဲရှိနေလဲ သိချင်ပါတယ်။ ကျနော်တို့ သူတို့ကို ပြောတာက ရွေးကောက်ပွဲက ဦးစားပေးမဟုတ်ဘူး။ ကျနော်တို့ ဦးစားပေးက အပစ်အခတ်ရပ်စဲဖို့ပါပဲ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် တိုက်ပွဲများ ရပ်တန့်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်ကို ခွင့်ပြုပေးရန် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို အသိပေး ပြောကြားခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article