21.7 C
Yangon

ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် ချောင်းဦးမြို့နယ်၊ မြပုလဲ စစ်တပ် စခန်းကို လက်နက်ကြီး၊ လက်နက် ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ် အမှတ် ၂ ရပ်ကွက်တွင် တပ်စွဲထားသော စစ်စခန်းကို ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းကတော့ မသိရသေးဘူး။ လက်နက် မရရင်တောင် စစ်ခွေးတွေ သေရင်တော့ ဝမ်းသာတာပေါ့” ဟု ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ မြပုလဲဆီဆိုင်တွင် တပ်စွဲထားသော စစ်တပ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ်မှ PK တိုက်ခိုက်ရေးအဖွဲ့ တာဝန်ခံ ဗိုလ် PK က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်ရှိ မြပုလဲဆီဆိုင်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချထားသည့် နေရာကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး အလုံး ၅၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ချိန်ကတော့ ၁ နာရီ နီးပါးကြာခဲ့တယ်။ စစ်ခွေးကတော့ ပြန်ပစ်တယ်။ စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဆက်လက်အဆုံးထိ တိုက်ပွဲဝင်သွားပါမယ်။ စစ်အာဏာ ရှင်ကိုအမြစ်ပြတ်တဲ့ထိ ဆက်လက်တိုက်ပွဲဝင်သွားပါ့မယ်”ဟု PK တိုက်ခိုက်ရေး အဖွဲ့ တာဝန်ခံ ဗိုလ် PKက ဆက်လက် ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ချောင်းဦးမြို့ နယ် နယ်ခံ ပကဖ ၊ ပလဖ ၊ စစ်ကိုင်းတိုင်း ယင်းမာပင်အခြေစိုက်တိုက်နယ်၂ ပြည်သူအားလုံးရဲ့ PK၊ မဲမှောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Black Eagle LPDF၊ SALINGYI BORDER TASK FORCE(SBTF)၊ Black VOTE FIGHTER၊AK ပျောက်ကြားတပ်ဖွဲ့၊ စစ်ကျွန်မခံမြွေဆိုးတသိုက် အာဋာဝက အဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တော်လှန်ရေးတပ်များက လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article