ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ ဆန္ဒပြ ပြည်သူများက “စစ်အာဏာရှင် အလိုမရှိကြောင်းကို “အာဏာရှင်မှန်သမျှ ဆန့်ကျင်ကြ” ၊ “အတုယောင်ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြ”၊စာသားများကိုကိုင်စွဲပြီး ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရှိရသည်။