Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း နဲ့ မကွေးတိုင်းအစပ်တွေအထိ တိုက်ပွဲတွေ ရောက်ရှိနေပြီလို့ အာရက္ခတပ်တော် AA က တရားဝင် ထုတ်ပြန်လိုက်ပြီး ၊ အမ်း-ပဒါန်းလမ်းက တိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီတပ်သား အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း ရရှိထားတဲ့အပြင် ၊ စစ်သုံပန်းတွေလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ AA ရဲ့ထုတ်ပြန်ချက်ထဲမှာ တရားဝင်ပြောထားပါတယ်။
- မကွေးတိုင်းက တောင်တွင်းကြီးမြို့နယ်မှာ ပြည်သူတွေကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းကြေး အတင်းအဓမ္မ တောင်းခံနေတဲ့ မိအုအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး ဆိုသူ ပစ်ခတ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးကို သေသွားပြီလို့ မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကံကြီးမောင်က ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
- ပဲခူးတိုင်း ၊ ပြည်မြို့က သုံးပန်လှကျောင်းနေ စျေးသည် ကိုဇင်ရဲနောင် နဲ့ ရေဦးမြို့နယ်က လူငယ် ၁၃ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြန်တဲ့အပြင် ၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်းမှာလည်း လူငယ်တွေ ဆက်တိုက် ပျောက်ဆုံးလာနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။