24 C
Yangon

မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ်များကို စစ်တပ်က မြေကော်စက်၊ ဘက်ဖိုးများဖြင့် အင်အားသုံး ဖြိုဖျက်သဖြင့် ပြည်သူများ ပစ္စည်းများသယ်ယူ ထွက်ပြေးရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မြေကော်စက်၊ ဘက်ဖိုးများဖြင့် အင်အားသုံး ဖြိုဖျက်သဖြင့် ကျန်ရှိနေသော နေအိမ်များမှ ပြည်သူများမှာလည်း ပစ္စည်းများ သယ်ယူ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ လှိုင်ရပ်ကွက်ရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကျူးကျော် အဆောက်အဦး၊ ခြံစည်းရိုးနှင့် တရားမဝင် ဘုန်းကြီးကျောင်းများဟု ဆိုကာ ဇန်နဝါရီလ ၂၆ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရန်နှင့် ရှင်းလင်းဆောင်ရွက်ခြင်း မရှိပါက ဥပအေ နှင့်အညီရှင်းလင်း ဆောင်ရွက်သွားမည်ဟု ဆိုင်းဘုတ်များ လိုက်လံထောင်ပြီးနောက် ပြည်သူပိုင်နေအိမ်များကို ဘက်ဟိုးများဖြင့် အင်အားသုံးဖြိုဖျက် နေကြောင်း ကျန်ရှိနေသော နေအိမ်များမှ ပြည်သူများလည်း စတင်ပြောင်းရွေ့နေကြကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသော နေအိမ်များသည် လွန်ခဲ့သော ၈ နှစ်ကပင် မြေပိုင်ရှင် အဆင့်ဆင့်ထံမှ လွှဲပြောင်း ရောင်းဝယ်ယူထားသော နေအိမ်များဖြစ်ပြီး အတင်းအကျပ် စစ်တပ်က ခြိမ်းခြောက် ပြောင်းခိုင်းနေသည့်အတွက် ရပ်ကွက်နေ ပြည်သူများမှာ မည်သည့်နေရာကို ပြောင်းရွှေ့ရမည်ကို မသိရှိကြဘဲ ငိုယို ထိတ်လန့်စိုးရိမ်နေပြီး အကြမ်းဖက် စစ်တပ်ကလည်း အသာ တကြည် မပြောင်းလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထား၍ ပြည်သူများ ကြောက်လန့်နေကြောင်း သိရှိရသည်။

“မော်လမြိုင်မြို့က ပြည်သူ့ပိုင် နေအိမ် အဆောက်အဦးတွေကို စစ်ခွေးတွေက အင်အားသုံးပြီး ဘက်ဟိုးနဲ့ ထိုး ဖျက်ဆီးနေပါပြီ လှိုင်ဘက်မှ စဖျက်နေတာ သာယာအေးရပ်ကွက်မှာလည်း ဖျက်ခိုင်းတဲ့ အိမ်တွေ အများကြီးပဲ ပြည်သူတွေ ငိုနေကြတာလည်း အများကြီးပဲ ပြောင်းရွှေ့နေတဲ့ ပြည်သူတွေလည်းရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ပြည်သူ့နေအိမ်များ ဖျက်သိမ်းအမိန့်ကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေး၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက နေအိမ်များ ဖျက်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ပြည်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article