24 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရှမ်းမြောက်မှာ ကိုးကန့် MNDAA နဲ့ ယာယီအပစ်ရပ်ထားတယ်ဆိုပေမယ့် အကြမ်းဖက် စစ်ကောင်စီက ရှမ်းမြောက် နဲ့ ရှမ်းတောင်မှာ စစ်အင်အားတွေ အကြီးအကျယ် ဆက်လက် ချဲ့ထွင်နေပြီး ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေပါ အဆက်မပြတ် ဖြည့်တင်းနေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့ ၊ တောင်ဥက္ကလာ ၅ ရပ်ကွက်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ အသက် ၁၉ နှစ်အရွယ် မောင်ခန့်ဟိန်း အပါအဝင် သူငယ်ချင်း လူငယ် ၆ ဦးဟာ စစ်မှုထမ်း သင်တန်းဆင်းပြီးတဲ့နောက်မှာပဲ ရခိုင် ရှေ့တန်းစစ်မြေပြင်ကို အပို့ခံရပြီး တိုက်ပွဲအတွင်း ပျောက်ဆုံးနေတယ်လို့ မိဘဆွေမျိုးတွေနဲ့ နီးစပ်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပဲခူးတိုင်း ၊ သာယာဝတီမြို့နယ်မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်း တပ်သားဖြစ်လာတဲ့ ကိုချစ်နန်း ဆိုသူဟာ ရခိုင်တိုက်ပွဲမှာ သေဆုံးသွားတဲ့အကြောင်းကို ရန်ကုန်ခေတ်သစ်ကနေ သတင်းဖော်ပြပြီး တဲ့နောက်မှာပဲ စစ်ကောင်စီတပ်က ကိုချစ်နန်းရဲ့ ကျန်ရစ်သူ မိသားစုဆီ လျော်ကြေးငွေကျပ် ၈ သိန်း လာပေးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article