24 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၂ သန်းဝန်းကျင်မှာ လူဦးရေ အနည်းငယ်သာ စစ်သား ဖြစ်ခွင့်ရတဲ့အတွက် မွန်မြတ်၊ မြင့်မြတ်ပြီး ဂုဏ်ယူတတ်ရမယ်ဆိုပြီးတော့ကို ပြောဆိုလိုက် ပြန်တဲ့ အပြင် ၊ တစ်ဖက်မှာတော့ သူတို့စစ်တပ်ထဲမှာ အရင်လက်ကျန် စစ်သားတွေတောင် နေရာတိုင်း မှာ သေပါများလို့ မရှိသလောက်ဖြစ်နေတဲ့အတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေ တောက်လျှောက်လုပ်နေတယ်လို့ သိရပါတယ်။
  • မကွေးတိုင်းက ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီး စစ်သား ၁၉ ဦးရဲ့ အလောင်းတွေနဲ့ ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၁၂ ဦးကိုပါ လက်နက်ခဲယမ်းတွေနဲ့ အတူ အရှင်ဖမ်းဆီးရမိထားပြန်တယ်လို့ PRA-Magway တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ဧရာဝတီတိုင်းမှာ အာရက္ခတပ်‌တော် AA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးဖောက်လာတဲ့အချိန်မှာပဲ တိုက်ပွဲတွေကြောင့် ဧည့်သည်မရှိတော့တဲ့ ချောင်းသာကမ်းခြေက ဟိုတယ်၊ တည်းခိုခန်းနဲ့ ဆိုင်ခန်း တွေကို စစ်ကောင်စီတပ်က အတင်းအဓ္ဓမ ဖွင့်ခိုင်းနေပြီး မဖွင့်ရင် နိုင်ငံပိုင်အဖြစ် ချိတ်ပိတ်သိမ်း ဆည်းပစ်မယ်ဆိုပြီးတော့ပါ စစ်တပ်က ခြိမ်းခြောက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article