32 C
Yangon

ဇီးကုန်းတွင် စစ်တပ်က မိခင်ကို သေနတ်ဖြင့် ချိန်၍ စိတ်ဝေဒနာသည် သားဖြစ်သူကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး အောင်ဝင်းဦးက မိခင်ဖြစ်သူကို သေ နတ်ဖြင့် ချိန်၍ စိတ်ဝေဒနာခံစားနေရသည့် သားဖြစ်သူကို စစ်မှုထမ်းရန် ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေ သ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဇီးကုန်းမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာ အုပ် ချုပ်ရေးမှူး သန်းဇော်ထွန်း (ခ) ဇော်ကြီးနှင့် ဗိုလ်မှူး အောင်ဝင်းဦး ဦးဆောင်သော စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးစဉ် ကျေးရွာအတွင်း စိတ်ဝေဒနာ ခံစားနေရသည့် လူငယ် ၁ ဦးကိုလည်း စစ်ကောင်စီ တပ်သားများက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဗိုလ်မှူး အောင်ဝင်းဦး က မိခင်၏ ဦးခေါင်းကို သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်၍ သားဖြစ်သူကို အတင်းအဓမ္မ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးသွားပြီးနောက် မြောက်လွတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက မိခင်ဖြစ်သူကို ငွေကျပ် သိန်း ၂၀ လာပေးကြောင်းသိရှိရသည်။

ထို့ပြင် ကျေးရွာအတွင်းမှ အခြားလူငယ် ၄ ဦးကိုလည်း အကြမ်းဖက် စစ်ကောင် စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း၊ ငွေပေးနိုင်သော လူငယ်တချို့မှာမူ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

“ဇီးကုန်းမြို့နယ်၊ မြောက်လွတ်ကုန်းကျေးရွာမှာ စိတ်ဝေဒနာ ခံစားနေရသည့် လူငယ်တစ်ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့မှာ အုပ် ချုပ်ရေးမှူး သန်းဇော်ထွန်း (ခ) ဇော်ကြီးက စစ်ခွေးတွေခေါ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးတာ စိတ်ဝေဒနာသည် လူငယ်ကိုပါ ဝင်ဆွဲတယ်။ အဲလိုဝင်ဆွဲတော့ မလိုက်ဘဲ မိခင်ဖြစ်သူရဲ့ ခြေ ထောက်ကို ဆွဲထားလို့ မိခင်ဖြစ်သူ ခေါင်းကို သေနတ်နဲ့ ပစ်ခတ်မယ်လို့ စစ်ခွေးတွေက ခြိမ်းခြောက်တော့ လူငယ်က လက်လွှတ်ပေးလိုက်လို့ စစ်ခွေးတွေက အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ကောင်လေးက အော်တစ်ဇင်လေး အသက်သာကြီးနေတာ စိတ်က ကလေးစိတ် အုပ်ကြီးက မိသားစုကို သိန်း ၂၀ ပေးတာကို သူ့အမေက သူ့သားပဲ ပြန်လိုချင်တယ်ဆိုပြီး ငိုနေတယ်။ အဲ့ရွာက ရန်ကုန်-ပြည် လမ်းနဲ့ဆို မိုင်ဝက်လောက်ပဲဝေးတယ်။ အဲ့ကောင်လေးအပါအဝင် ၅ ဦးဖမ်းခံရတာ ၂ ဦးကတော့ ငွေသိန်း ၇၀ ပေးလို့ပြန်လွတ်တယ်။ အဲ့ဖမ်းဆီးတာမှာ ကောင်လေးအမေကို ဗိုလ်မှူးအောင်ဝင်းဦးက သေနတ်နဲ့ပစ်ဖို့လုပ်တာ ဗိုလ်မှူးအောင်ဝင်းဦး ဦးဆောင်ပြီး လူငယ်တွေကို နေ့စဥ် ပေါ်တာဆွဲဖမ်းဆီးနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်းအတွင်းရှိ ဇီးကုန်းမြို့နယ် အပါအဝင် မြို့ နယ်များတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း စုံစမ်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article