25 C
Yangon

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရန် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် မဖြစ်မနေ ရယူရမည်

Must read

🟥 စစ်မှုထမ်းရမည့် အရေအတွက်စာရင်း အမြန်ဆုံးပြုစုပြီး သက်ဆိုင်သူများကို အသိပေးရန် အမိန့်ပေးညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရေး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန် စစ်မှုဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက် ရယူတော့မည်ဖြစ်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းရန်အတွက် လူငယ်များက နိုင်ငံခြားသို့ ပုံစံမျိုးဖြင့် ထွက်ခွာလျက်ရှိကြောင်း၊ ယင်းသို့ ထွက်ခွာသွားသည့် လူငယ်အရေအတွက်မှာ သန်းချီရှိပြီး ယင်းလူငယ်များ မြန်မာနိုင်ငံအတွင်းသို့ ပြန်လာ စစ်မှုထမ်းရေးအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချိန်တွင် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ထောက်ခံချက် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ထံတွင် စစ်မှုထမ်းရန် ရွှေ့ဆိုင်းခွင့်(သို့မဟုတ်) ကင်း လွတ်ခွင့်(သို့မဟုတ်) လျှော့ပေါ့ခွင့် ထောက်ခံချက် မဖြစ်မနေ ပါရှိမှသာလျှင် သက်ဆိုင်ရာ သံရုံးများက သက်တမ်းတိုး ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

” စစ်မှုထမ်းအမိန့်စာရတဲ့သူတွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွင့် မပြုတဲ့ ညွှန်ကြားချက်တွေ၊ နိုင်ငံကူးလက်မှတ်သက် တမ်းတိုးတာမှာ လိုအပ်မယ့် ဗဟိုအဖွဲ့ ထောက်ခံချက်တွေ ရယူရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ထွက်လာဖို့ရှိပါတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ထောက်ခံချက်ပါမှ လူငယ်များ ပြည်ပထွက်ခွင့်ပြုမည်ဆိုသော စနစ် မတင်သေးကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာက အမိန့် ညွှန်ကြားချက်များ ထွက်ပေါ်လာပြီးပါ ယင်းစနစ် တရားဝင်စတင်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင်ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့၏ ၁/၂၀၂၅ အစည်းအဝေးတွင် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဥပဒေပါ သတ်မှတ်အကျုံးဝင်သည့် အရေအတွက်ကို စနစ်တကျမှန်ကန်အောင် ကြိုတင်ပြုစုထားပြီး သက်ဆိုင်သူများကို အသိပေးရန် ညွှန်ကြားသည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိပြီး ဥပဒေအရသတ်မှတ်ထားသော အသက်ကန့်သတ်ချက်အတွင်းရှိသူများ သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားရန် လိုမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် စာရင်းဇယားမှန်ကန်ရန်နှင့်ရေရှည်တွင် မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရန်အတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article