25 C
Yangon

စစ်ကောင်စီက စစ်မှုထမ်း နည်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ပဲခူးနှင့် ဧရာဝတီတို့တွင် ရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လစဉ် တောင်းခံနေသော စစ်မှုထမ်းကြေးများကို သိန်းချီ တိုးမြှင့်ကောက်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း နည်းဥပဒေ ပြဋ္ဌာန်းပြီးနောက် ပဲခူးနှင့် ဧရာဝတီတို့တွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လစဉ် စစ်မှုထမ်းကြေးများကို ပမာဏ အများအပြား သိန်းချီ တိုးမြှင့်ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ တောင်ကြို့ကုန်းရွာ အုပ်ချုပ်ရေးမှူး တင်မောင်ဆွေသည် ဇန်နဝါရီလမှစ၍ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များ၏နေအိမ်များကို တစ်အိမ်လျှင် ငွေကျပ် ၅ သိန်း တောင်းခံနေကြောင်း၊ လက်ရှိအချိန်တွင် ကျေးရွာနေ ပြည်သူများသည် ပစ္စည်းများကို ပေါင်းနှံရောင်းချကာ ပေးဆောင်နေရပြီး မပေးနိုင်သူများကို စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းမှုများရှိနေကြောင်း သိရသည်။

ထို့ပြင် ကျေးရွာအတွင်း စစ်မှုထမ်းရမည်ဟုဆိုကာ မဲနှိုက်မှုများလည်း လုပ်ဆောင်နေပြီး မဲပေါက်သည့် လူငယ်များကို စစ်မှုမထမ်းလိုလျှင် ငွေကျပ်သိန်း ၇၀ ပေးရမည်ဟု တောင်းခံနေကြောင်း၊ ထို့ကြောင့် ကျေးရွာနေ လူငယ်များသည်လည်း ထွက် ပြေး တိမ်းရှောင်မှုများ ရှိကြောင်း သိရှိရသည်။

“အင်းမမြို့၊ တောင်ကြို့ကုန်းရွာ အုပ်ကြီး တင်မောင်ဆွေက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို တစ်ဦးလျှင် ငွေကျပ် ၅ သိန်းကျပ် တောင်းခံပါတယ်။ စစ်မှုထမ်းရမယ်ဆိုပြီး မဲပါနှိုက်ခိုင်းတာတွေလည်း ရှိပါတယ်။ မဲနှိုက်လို့ ပေါက်တဲ့ အမျိုးသားတွေ မလိုက်ချင်ရင်တော့ သိန်း ၇၀ အထိ တောင်းခံနေပါတယ်။ ပြည်သူတွေ မရှိရှိတာ ပေါင်းနှံ ရောင်းချပြီး ပေးနေရတယ်။ မပေးနိုင်တဲ့သူတွေကို စစ်ခွေး ခေါ် ဖမ်းခိုင်းတာတွေရှိလို့ လူငယ်များ ထွက်ပြေးနေကြရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဆင်နင်းပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းစိုးကလည်း စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များရှိသည့် နေအိမ်များကို ဇန်နဝါရီလမှ စတင်၍ တစ်လလျှင် ငွေကျပ် ၁ သိန်း တောင်းခံနေပြီး ငွေမပေးနိုင်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်မှုများ ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင်လည်း ဂွေးတောက်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဆွေမင်းက စစ်မှုထမ်းရန် အကျုံးဝင်သည့် နေအိမ်များကို ဇန်နဝါရီလမှစ၍ ငွေကျပ် ၆ သောင်းန တောင်းခံနေပြီး စစ်မှုထမ်းရန် အကျုံးဝင်သူများ မရှိသည့် နေအိမ်များကို ၃ သောင်းကျပ် ကောက်ခံနေကာ ၄င်း ကောက်ခံထားသည့် ငွေမပေးနိုင်သော နေအိမ်များကို စာရင်းမှတ်၍ စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းနေ၍ လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်၊ ဘုရားကုန်းရွာတွင်လည်း အုပ်ချုပ်ရေးမှူး နွယ်နွယ်ဝင်းက ကျေးရွာအတွင်းရှိ စစ်မှုထမ်းရန် လူငယ်များရှိသည့် နေအိမ်များကို ဇန်နဝါရီလမှစ၍ တစ်လလျှင် ငွေကျပ် ၉၀၀၀၀ တောင်းခံနေပြီး အသက် ၃၅ နှစ်အထက်ရှိသော ပြည်သူများရှိသည့် နေအိမ်များထံမှ ၃၀၀၀၀ ကျပ် တောင်းခံနေကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံအဖွဲ့များက ပြည်သူများကို ဧည့်စာရင်းဝင်ရောက်စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article