ဒီကနေ့ ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ ဗိုလ်မှူးချုပ်အဆင့်ကနေ ဗိုလ်ကြီးအဆင့်အထိ အရာရှိတွေကို ဝန်ကြီးဌာနဆိုင်ရာယန္တရားတွေအတွင်း အရပ်ဘက်ရာထူးကြီးတွေအဖြစ် အစားထိုးနေတယ်လို့ တပ်သတင်းရင်းမြစ်က ပြောပါတယ်။
- ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်လေဆိပ်နဲ့ စစ်တပ်တပ်ရင်းတချို့ကို KIA က သိမ်းပိုက်ပြီး နောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်တပ်က ဖားကန့်နဲ့ လိုင်စင်ဒေသကို လေယာဉ်နဲ့ ဗုံးတွေ ကျဲနေတယ်လို့ ဒေသပြည်သူတွေနဲ့ KIA စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
- စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ Non-CDM ကျောင်းသူတစ်ဦးကို ကန့်ဘလူခရိုင် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) အဖွဲ့ခေါင်းဆောင် မဲခေါင် ခေါ် မြင့်ဇော်ဦး က အလိုမတူဘဲ အသက်အန္တရယ် ကိုခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခဲ့မှုကို တိုင်ကြားခဲ့ပေမယ့် အရေးယူခြင်းမရှိဘဲ အချုပ်ခံထားရသူရဲ့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့အတွက် ကျူးလွန်သူကို အမြန်ဆုံးအရေးယူဖို့ လိုအပ်ကြောင်း အမှုမှန်ပေါ် ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar