25 C
Yangon

ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးလက်နက်ကြီးများဖြင့် ပစ်ခတ်မှု ဘုရားဆင်းတုတော်များနှင့်ဘုန်း ကြီး ကျောင်းပြိုကျ ပျက်စီး၊ ပြည်သူ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် ဘုရားဆင်းတုတော်များ ပျက်စီးကြောင်း၊ ပြည်သူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လေယာဉ်ဖြင့် ၃ ကြိမ်၊ ၁၂၀ မမ လက်နက်ကြီး အလုံး ၂၀ နှင့် ဒရုန်းဖြင့် ၆ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ အကြောင်းမဲ့ ဗုံးကျဲ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာကိုလည်း စစ်တပ်က လေကြောင်းနဲ့ ၃ ကြိမ်၊ ၁၂၀ လက်နက်ကြီး အလုံး ၂၀ နဲ့ ပစ်ခတ် ဗုံးကျဲလို့ ဘုန်းကြီးကျောင်း ၂ ကျောင်းပျက်စီးခဲ့တယ်။ နောက်ပြီး ဒရုန်းနဲ့လည်း ၆ ကြိမ် ဗုံးကျဲလို့ ပြည်သူ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံက ထပ်မံ ပြောဆိုသည်။

အကြမ်းဖက် စစ်သည် ပဲခူးတိုင်း အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် သတိပြု သွားလာနေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေး နှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article