ရန်ကုန်၊ ဇန်နဝါရီ ၂၉
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၃လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Loikaw Local PDF မှ ဗဟို ပြန်ကြားရေး တာဝန်ခံ လင်းလင်းက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်အစောပိုင်းတွင် လွိုင်ကော်မြို့နယ် ဘောလခဲ အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် သေနတ် ၃ လက်၊ ခဲယမ်းများ၊ ကျည်ဘောက်နှင့် မိုင်း ၄ လုံးတို့ ယူဆောင်လာပြီး လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်ထံကို အလင်း ဝင်ရောက်ခဲ့ကြောင်းသိရသည်။
“အလင်းဝင်လာတဲ့ သူတွေက ပဲခူးတိုင်းက များပါတယ်။ ပြည်သူ့ စစ်မူထမ်းတွေပါ။ အပတ်စဉ် ၃ က ၃ယောက်၊ အပတ်စဉ် ၄ က ၁ ယောက်ပါတယ်။ပဲခူးတိုင်းထဲကဆိုရင်တော့ လက်ပံတန်းတို့ပါမယ်။ ပေါက်ခေါင်းတို့ အဲဒီကတွေပါ။ အဲ့တာတော့ မပါဘူးပေါ့။ Local ဖြစ်သော ဘဏ္ဍရေး အဲလောက်မ တောင့်တင်း၊ ပေါ်တာဆွဲခံရကြတာပါ။ သူတို့က သင်တန်းကာလာရော့၊ဘာရော့ဆိုရင်တော့ ၈လလောက် ကြာပြီဆိုရင်တော့ ဒါ ၂၀၂၄ထဲမှာပေါ့နော်။ အဲဒီလောက်ဖြစ်မယ်နဲ့တူတယ်။ ထပ်မံ ပူးပေါင်းလာဖို့ တိုက်တွန်းပါတယ်။ သူတို့တွေ အတွက် လုံခြုံမူ နဲ့ နွေးထွေးစွားကြိုဆို သွားပါမယ်”ဟု Loikaw Local PDFမှ ဗဟို ပြန်ကြားရေး တာဝန်ခံ လင်းလင်းက ပြောဆိုသည်။
အဆိုပါ တပ်သား များသည် စစ်မှုထမ်း ကြေညာချိန်ကစပြီး ရှောင်တစ်ခင် အဖမ်းအဆီးခံ ခဲ့ရကာ အတင်း အဓ္ဓမ လူသစ်စုဆောင်းခံခဲ့ရသော ပြည်သူ့ စစ်မူထမ်းများဖြစ်ကြောင်း နှင့် တပ်သား အများအပြားလဲ စိတ်ဆန္ဒ မရှိ ထမ်းဆောင်နေရသူများဖြစ်ကြောင်း၊ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ် ရေးတပ်ဖွဲ့ အနေဖြင့်လည်း အလင်းဝင်ရောက်ခိုလှူံလာသော တပ်သားများကို လုံခြုံ သောနေရာတွင် ထားရှိထားပြီး နွေးထွေးစွာ ကြိုဆိုကြောင်း နှင့် တပ်သားများ၏ ဆန္ဒ အလျောက် လွတ်လပ်စွာ ရွေးချယ်ခွင့်များကို အလေးပေး ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း Loikaw Local PDFမှ ဗဟို ပြန်ကြားရေး တာဝန်ခံ လင်းလင်းက ဆက်လက်ပြောဆိုသည်။
ပြည်သူကာကွယ်ရေးတပ်များထံသို့ ဝင်ရောက်ခိုလှုံပူးပေါင်းလာကြမည့် ပြည်သူစစ်မှုထမ်းများ ၊အရာရှိစစ်သည် ရဲဘော် ၊အောက်ခြေ ရဲဘော်များ ၊ Non CDM ဝန်ထမ်း များအား လှိုက်လှိုက်လဲလဲနွေးထွေးစွာ ကြိုဆိုလျက် ရှိပြီး လုံခြုံစိတ်ချမူ နှင့် ၎င်းတို၏ စိတ်ဆန္ဒအလေးထား၍ ကာကွယ်စောက်ရှောက်သွားမည့်ဖြစ်ကြောင်း Loikaw Local PDF က အသိပေးနိူးဆော်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar