26 C
Yangon

ဂျပန်နိုင်ငံမှ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄ ခု၏ ခေါင်းဆောင်များကို တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ဆိုးရွာသောအခြေအနေများအကြောင်း ရှင်းပြ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ဂျပန်နိုင်ငံမှ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄ ခု၏ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံမှ ဆိုးရွားသော အခြေအနေများကို ရှင်းပြခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ၂၈ရက်နေ့ နံနက်ပိုင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများမှ လက်ရှိအာဏာရပါတီအပါအဝင် အထင်ကရပါတီကြီး ၄ ခုမှ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်းဆိုးရွားလျက်ရှိသော အခြေအနေများ၊ လေကြောင်းမှ အပြစ်မဲ့ပြည်သူများအား ဗုံးကျဲနေမှုများ၊ မတရားစစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားဘဝလုံခြုံမှုမရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း၊ ယ်းနောက် လွှတ်တော်ရုံးအတွင်းပြုလုပ်မည့် မြန်မာ့အရေးကြားနာပွဲတက်ရောက်ပေးရန်နှင့် ဂျပန်အစိုးရကို တောင်းဆိုသည့် Sign Campaign တွင် လက်မှတ်ရေးထိုးတောင်းဆိုပေးပါရန် မေတ္တာရပ်ခံခဲ့ကြကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ၏ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက မြန်မာ့ပြည်သူပြည်သားများအတွက်အင်မ တန် စိတ်ပူကြောင်း၊ ၎င်းတို့အနေဖြင့် တတ်နိုင်သည့်အပိုင်းမှ ကူညီလိုစိတ်ရှိသည်ဟု တုံ့ပြန်ပြောဆိုကြောင်း သိရှီရသည်။

ယမန်နေ့တွင်ပင် မြန်မာ့အရေးလှုပ်ရှားသူများက ဂျပန်နိုင်ငံ၏ အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်များရုံးခန်းသို့ လှည့်ပတ်ကာ ဂျပန် အစိုးရကို တောင်းဆိုမည့်လက်မှတ်ရေးထိုးလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ရေးထိုးပေးနိုင်ရန် မေတ္တာရပ်ခံခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article