28 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တိုင်းပြည်ရဲ့အာဏာကို အကြောင်းအမျိုးအမျိုးပြပြီး ၆ လ တစ်ခါ အကြိမ်ကြိမ် သက်တမ်းတိုး ယူထားတဲ့ အကြမ်းဖက် ယာယီသမ္မတ မင်းအောင်လှိုင်ဟာ အခုတစ်ခါမှာလည်း နောက်ထပ် ၈ ကြိမ်မြောက် ၆ လ သက်တမ်း ထပ်တိုးလိုက်ပြန်ပြီး စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ဖြစ်တဲ့ သူ့ကိုယ်သူ အာဏာကုန်လွှဲအပ်လိုက်ပြန်ပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့်အပြင် လူငယ်တွေကို ပြည်ပထွက်ခွင့် ပိတ်လိုက် တာတွေကြာင့်ပါ ထိုင်းနိုင်ငံဘက်ကို နည်းလမ်းပေါင်းစုံနဲ့ ထွက်ပြေးတိမ်းရှောင် နေရတဲ့ လူငယ်တွေဟာ ထိုင်းနိုင်ငံဘက်မှာလည်း တရားမဝင် ဝင်ရောက်မှုတွေနဲ့ ဖမ်းဆီးခံရတာတွေရှိနေပြီး ၊ လက်ရှိ ၃ ရက်အတွင်းမှာပဲ ထိုင်းနိုင်ငံမှာ ထရပ်ကားတွေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၉၅ ဦးကို ဖမ်းဆီးရရှိထားတယ်ဆိုပြီးတော့ပါ ထိုင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
  • မကွေးတိုင်းက မြိုင်မြို့နယ်မှာရှိတဲ့ NUG အစိုးရရဲ့ အောင်ဆန်း တက္ကသိုလ်စာသင်ကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းသား ၁ ဦး သေဆုံးခဲ့ရပြီး ပြည်သူ ၄ ဦးလည်း ဒဏ်ရာတွေ ရထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article