ဆားလင်းကြီးမြို့နယ်အတွင်း နွေဦးတော်လှန်ရေးအကြို လူထုဆန္ဒပြချီတက်
ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်က ဒေသပြည်သူလူထုများနှင့်အတူ “လူထုရဲ့တော်လှန်မှုဟာ တစ်ရက်မှရပ်တန့်မသွားခဲ့” ၊ “အထွေထွေဖိနှိပ်မှုကိုအံတုကြ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့” စသည့်စာသားများကို ကိုင်ဆောင်ပြီး နွေဦးတော်လှန်ရေး အကြိုလှုပ်ရှားမှု ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။