25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်ကောင်စီရဲ့ ဝန်ကြီးဌာန Website တွေမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ဆိုပြီး ဝါဒဖြန့် ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကို ဝင်ကြည့်မယ့်သူ နည်းနေလို့ဆိုပြီး စစ်ကောင်စီက သူ့လက် အောက်ခံ ဝန်ထမ်းတွေကို ဝင်ကြည့်ခိုင်းပြီး မှတ်ချက်ရေးကြဖို့ကိုပါ အမိန့်ထုတ်ထားပြန် တယ်လို့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၄ နစ်ပြည့်တဲ့အချိန် စစ်အာဏာရှင်ကို အပြင်းထန်ဆုံးရှုတ်ချပြီး မြန်မာပြည်သူတွေနဲ့ အတူ အမေရိကန်၊ ဗြိတိန် ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအစုအဖွဲ့က ဆက်လက်ရပ်တည်နေတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ အသီးသီး ထုတ်ပြန်ကြေညာ လိုက်ကြပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်အားကိုး နဲ့ ရှင်ဘုရင်လုပ်နိုင်ပြီလို့ ထင်နေတဲ့ စစ်အာဏာရှင်ကို တိုင်းရင်းသား တွေနဲ့ အတူတကွပူးပေါင်းပြီး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု အသွင်နဲ့ တိုက်ခိုက်သွားမယ်လို့ NUG ယာယီသမ္မတဒူဝါလရှီးလက အသိပေး ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article