27 C
Yangon

ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး ပြန်လွှတ် ပေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

Must read

ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး ပြန်လွှတ် ပေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများအားလုံး ပြန်လွှတ် ပေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က တောင်းဆိုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူများအားလုံးကို ပြန်လွှတ် ပေးရန် ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံ ခြားရေး၀န်ကြီး David Lammy က ယနေ့ တောင်းဆိုလိုက်ပြီး လွန်ခဲ့သော ၄ နှစ် စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို ဖြုတ်ချခဲ့ကာ မြန်မာပြည်သူများ၏ လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆိုးဆိုးရွားရွား ဖျက်ဆီးခဲ့ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

“လွန်ခဲ့တဲ့ လေးနှစ်က မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ကို ဖြုတ်ချပြီး မြန်မာပြည် သူပြည်သားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆိုးဆိုးရွားရွားဖျက် ဆီး ခဲ့ပါတယ်။ အပြစ် မဲ့ အရပ်သားများအနေနဲ့ နေ့စဥ် ရက်စက်ကြမ်း ကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နှင့်ချီတဲ့ စစ်အာ ဏာရှင်ဆန့်ကျင်သူများဟာ နိုင်ငံရေးစွဲချက်များနဲ့ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ လေးနှစ်ကြာခဲ့ပြီဖြစ်သော်လည်း ကျွန်တော်တို့ မေ့ပျောက်လို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်း ဆီးထားသူများအားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းပါတယ်။ မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီကို ဖော်ဆောင်ဖို့ တိုက်တွန်းပါတယ်။” ဟု ဝန်ကြီး David Lammyက ပြောကြားသည်။

ထို့ပြင် ဗြိတိန်အစိုးရက အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်အတူ မြန်မာစစ်အာဏာရှင်ကို အပြင်းထန်ဆုံး ရှုတ်ချပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article