25 C
Yangon

ဘုတလင်မြို့တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စိမ့်တော တောရ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဉူးက္ကဒ္ဓိဗလ ပျံလွန်တော်မူ

Must read

ဘုတလင်မြို့တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စိမ့်တော တောရ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် ဉူးက္ကဒ္ဓိဗလ ပျံလွန်တော်မူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့တွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စိမ့်တော တောရ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာ တော် ဉူးက္ကဒ္ဓိဗလ ပျံလွန်တော်မူသွားကြောင်း ဆရာတော်၏ တပည့် ဒါယကာများထံမှ သိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီအချိန် ဘုတလင်မြို့ ၊ အ နောက်ဘက်ရှိ စိမ့်တော တောရဘုန်း တော်ကြီး ကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ သက်တော် ၅၀ နှစ်ရှိ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ သွားကြောင်း သိရှိရသည်။

“ဘုတလင်မြို့ထဲကနေဒရုန်ယာဉ်က ပျံလာပြီး အဲဒီ စိမ့်တော တောရဘုန်း တော်ကြီး ကျောင်းကို လာချသွားတာ။ ချတဲ့အကြိမ်အရေအတွက်က ၂ ကြိမ်လာကျဲချသွားတာ ။ အဲဒီလိုကျဲချလို့ ကျောင်းထိုင်ဘုန်းကြီး ဉူးက္ကဒ္ဓိဗလ ကျည်စထိမှန်ပြီး ပျံလွန် တော်မူခဲ့ရတယ်ဗျ။ သက်တော်က ၅၀ကျော်၊ ဝါတော် ၃၀ ကျော်ပါ” ဟု​ ဆရာတော်၏ တပည့်ဒါယကာ ရွာသားတစ်ဦးက ‌‌ ပြောဆိုသည်။

ဘုတလင်မြို့နယ်သည် အနောက်မြောက်တိုင်း (နမခ)စစ်ဌာနချုပ်နှင့် အနီးစပ်ဆုံး တည်ရှိသော မြို့ဖြစ်ပြီး စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်နေသော မြို့နယ်တစ်ခုလည်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article