25 C
Yangon

ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ PDF များနှင့် တိုက်ပွဲများ ဖြစ်

Must read

ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ PDF များနှင့် တိုက်ပွဲများ ဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကာ လက်ရှိတွင် PDF များနှင့် တိုက်ပွဲများ ဖြစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရှောက်တော-မဲဇလီလမ်းပိုင်း ၊ ကျောင်းကုန်းကြီး ကျေးရွာမှ ပျူစောထီးနှင့်စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းက မဒဲကျေးရွာသို့ စစ်ကြောင်းထိုးလာကြောင်း၊ ယင်းနောက် ကျေးရွာထဲသို့ ဝင်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးကြောင်း၊ မီးရှို့ဖျက်ဆီးနေသော စစ်တပ်ကို PDF များက ပြန်လည် တိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး ၃ နာရီကျော်ကြာ တိုက်ပွဲအချိန် ကြာမြင့်ခဲ့ကြောင်း၊ စစ်တပ်၏ မီးရှို့မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မဒဲကျေးရွာတစ်ခုလုံး မီးလောင်နေခဲ့ကြောင်း၊ ပြည်သူ တချို့လည်း ကျည်ထိမှန် သေဆုံးမှုကြောင်း သိရှိရသည်။

“မဒဲရွာမှာ လက်နက်ကြီးကျတာနဲ့ မီးရှို့ခံရတာကြောင့် ရွာလုံးကျွတ် မီးလောင်ပါတယ်။ စစ်ကြောင်းထိုးတာက ပွင့်ဖြူက

ဝါတပ် ၊ ကျောင်းကုန်ကြီးရွာ၊ ပြည်သူ့စစ် ၊ ဝါသဝပြည်သူစစ်တွေပါတဲ့ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာပါ။ စစ်တပ်က လေယာဉ်နဲ့လည်း ဗုံးတွေကျဲတယ်။ စက်တပ်လေထီးတွေနဲ့ ဗုံးတွေ ကျဲတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း စစ်တပ်က ထပ်မံ အင်အားဖြည့်တင်းနေပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

“မဒဲကျေးရွာမှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေသောပြည်သူတွေဆီကနေ ဖုန်းတွေကို စစ်တပ်က သိမ်းသွားတယ်။

စစ်တပ်က မဲဇလီ-ရှောက်တောလမ်းပိုင်းကို ပိတ်ပင်ထားတယ်။ ဒီမနက် စစ်အင်အားတွေ တအားဖြည့်တင်းနေတယ်။ ပြည်သူတွေက ပိတ်မိနေကြတယ်။ တောထဲလည်း ပြေးလို့မရ။ မုန်း ​ချောင်းထဲလည်း ပြေးမရလို့ ကြားထဲမှာဖြစ်နေတယ်။ ဝန်လို၊

ခိုတန်း ၊ ကျောက်ပုံရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတယ်” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ပွင့်ဖြူမြို့နယ်အတွင်းတွင် စစ်ကြောင်းများ ထပ်မံခွဲ၍ စစ်ကြောင်းထိုးမှုများ ဆက်လက် လုပ်ဆောင်နေသဖြင့် စစ်ရေး အခြေအနေ အလွန်တင်းမာနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article