33 C
Yangon

ဘီလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး သော်တာ အပါအဝင် ၂၀ ကျော်အရှင်ဖမ်းဆီးရရှိ

Must read

🟥 စစ်တပ်၏ ၁၂၀ မမ ဟောင်ဝစ်ဇာလက်နက်ကြီးကို အကောင်းပကတိအတိုင်း လက်ခံရရှိထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ မဲပလီ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ရာတွင် စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီးသော်တာ အပါအဝင် ၂၇ ဦး အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း ၁၂၀ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး အပါအဝင် လက် နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်း ၂၇ ဦး အရှင်ဖမ်းဆီးရရှိပြီး အများအပြား သေဆုံးကြောင်း၊ အဆိုပါ စခန်းမှ ထွက် ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ ချေမှုန်း ရှင်းလင်းလျက်ရှိကြောင်း PDF သတင်းရင်းမြစ်က ပြောဆိုသည်။

“ဇန်နဝါရီလ ၁၇ ရက်နေ့မှာ တိုက်ပွဲစတယ်။ မဲပလီစခန်းသိမ်းပြီးတဲ့ထိ ၄၀ လောက် သေတယ်။ အခုအရှင်ဖမ်းမိထားတာက ဗိုလ်ကြီးသော်တာအပါအဝင် ၂၇ ဦး၊ ဗျူဟာမှူးနဲ့တပ်ရင်းမှူးက လွတ်နေတယ်” ဟု PDF သတင်းရင်းမြစ်က ဆိုသည်။

ဘီးလင်းမြို့နယ်၊ မဲပလီ စစ်တပ်စခန်းသည် ဗျူဟာကျသော စစ်တပ်စခန်းကြီးတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးရှိသော တပ်စခန်းကြီးတစ်ခုဖြစ်ကြောင်း၊ KNLA တပ်များက ဝင်ရောက်တိုက်ခိုက်ချိန် အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်များဘက်မှလည်း ရဲဘော်တချို့ ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

မဲပလီတပ်စခန်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများကို KNLA ဦး ဆောင်သော တပ်များက သိမ်းဆည်းရယူထားပြီး ၁၂၀ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးမှာ အကောင်းအတိုင်း ရရှိထားကြောင်း၊ ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းများကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားရှိပြီး ဒဏ်ရာရရှိထားသူများကိုလည်း ဆေးကုသမှု ပေးထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article