33 C
Yangon

ကြို့ပင်ကောက်၊ ကံဦးရွာတွင် စစ်မှုထမ်းတပ်သား စုဆောင်းရန် လာရောက်ဖမ်းဆီးသည့် ပျူစောထီးအေးမင်းသူကို လူငယ်တစ်ဦးက ဓားဖြင့်ခုတ်ပြီး ထွက်ပြေးလွတ်မြောက်၊ ဓားခုတ်ခံရသူ ပျူစောထီး ပွဲချင်းပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် ကံဦးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် ပျူစောထီး အေးမင်းသူကို လူငယ်တစ်ဦးက ဓားဖြင့် ခုတ်သတ်ပြီး ထွက်ပြေး လွတ်မြောက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကံဦးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၃၀ ခန့်က ဝင်ရောက် စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ပျူစောထီး အေးမင်းသူက ကျေးရွာ အတွင်းရှိ လူငယ်တစ်ဦးကို နေအိမ်ထဲထိ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်က ဓားဖြင့် ပြန်လည် ခုခံ တိုက် ခိုက်ခဲ့ခြင်းကြောင့် အေးမင်းသူ ပွဲချင်းပြီး သေဆုံးကာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

“ကြို့ပင်ကောက်က ကံဦးရွာကို စစ်ခွေးတွေနဲ့ ပျူစောထီးခွေးက အင်အား ၃၀ ကျော်နဲ့ လူငယ်တွေကို ဝင်ရောက် ပေါ်တာဆွဲတာ အဲလိုဝင်ဆွဲတဲ့ အချိန် ကွင်းချောင်းရွာက ပျူစောထီး ကျော်ကြီးရဲ့ သား ပျူစောထီး အေးမင်းသူက လူငယ် ၁ ဦးကို နေအိမ် ထဲထိ ဝင်ဆွဲတာကို လူငယ်က ဓားနဲ့ ပြန်လည် ခုခံလို့ အေးမင်းသူ ပွဲချင်းပြီးသေပြီး လူငယ်လည်း ထွက်ပြေး လွတ် မြောက်သွားတယ်။ အခု အဲလူငယ်ကို တော်လှန်ရေး တပ်ဖွဲ့ တစ်ဖွဲ့က စောင့်ရှောက်ထားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်ဝန်းကျင်အချိန် ကြို့ပင်ကောက်မြို့နယ်၊ ကျောင်းကုန်းရွာနှင့် သပြေရုံရွာ အနီးတွင်လည်း လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး လူငယ် ၁၀ ဦးကျော်ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article