33 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဖို့ အကျုံးဝင်နေတဲ့လူငယ်တွေစာရင်းကို ကောက်ယူရာမှာ ပြည်ပ ရောက်လူငယ်တွေရဲ့ အမည်စာရင်းတွေကိုပါ စတင်ထည့်သွင်းကောက်ယူနေပြီး မိဘဆွေမျိုးတွေကို ရပ်ကွက်ရုံးကို ခေါ်ယူကာ စာရင်းသွင်းတာဝန်ခံ လက်မှတ်ရေးထိုးခိုင်းနေတယ်လို့ သိရပါတယ်။
  • ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်နဲ့ ဥသျှစ်ပင်မြို့ စစ်ဆေးရုံတွေမှာ မိုးထိတောင်စစ်တပ်စခန်းတိုက်ပွဲကနေ ဒဏ်ရာရစစ်သား ၂၀၀ ဝန်းကျင်ရောက်ရှိနေပြီး တိုက်ပွဲအတွင်း စစ်မှုထမ်းတပ်သားသစ်တွေပါ သေဆုံး ဒဏ်ရာရနေတယ်လို့ စစ်မှုထမ်းတပ်သားတွေရဲ့ မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြို့မရဲစခန်းမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့အချုပ်သားတွေက လက်နက် လုယူ တိုက်ခိုက် ထွက်ပြေးခဲ့ရာမှာ ဒုရဲအုပ် ၁ ဦးနဲ့ တပ်သား ၂ ဦး သေဆုံးပြီး အချုပ်သား ၂ ဦးကို ရေးဘီလူးအဖွဲ့က ကယ်တင်ထားနိုင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article