ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၀ အရွယ် နန်းမြင့်မြင့် နှလုံးဖောက် သေဆုံးပြီး ရော်ဘာခြံနှင့်နေအိမ်များပျက်စီးကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် KNU အုပ်ချုပ်မှုနယ်မြေ၊ ကျုံဒိုး မြို့နယ်၊ လောင်းကိုင်အုပ်စု ဖားကျ ကျေးရွာ အတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီ၏ စကခ ၁၂ လက်အောက်ခံ တပ်သစ်အမြှောက်ကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဖားကျကျေးရွာတွင်းရှိ ရော်ဘာခြံများသို့ ကျရောက်ပေါက်ကွဲပြီး အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်အလုပ်သမား အသက် ၁၂ နှစ်အရွယ်ရှိ ကျောင်းသား မန်းပိုင်ပိုင်မှာ ညာဘက်မှေးစေ့ ထိမှန်ဒဏ်ရာ ရခဲ့ကြောင်း၊ အသက် ၂၀ နှစ်အရွယ် နန်းမြင့်မြင့်ဆန်းမှာ လက်နက်ကြီး၏ တုန်ခါမှုကြောင့် နှလုံး ဖောက်ကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရော်ဘာခြံ ၂ ခြံ မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးမှာလည်း ပြတင်းပေါက်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar