32 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဖို့ သူတို့ရဲ့ အမိန့်စာ ရရှိထားတဲ့လူငယ်တွေကို သင်္ကန်းဝတ်ခွင့်မပေးဖို့ ဘုန်းကြီးကျောင်းတွေမှာ ညွန်ကြားထားပြန်ပြီး ၊ စစ်မှုထမ်းအမိန့်စာရတဲ့ လူငယ်တွေကို စစ်ကောင်စီက ရဟန်းဝတ်ခွင့် တရားဝင် စတင်ပိတ်ပင်လိုက်တယ်လို့ ရန်ကုန်တိုင်းက မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးက ရန်ကုန်ခေတ်သစ်ကို မိန့်ကြားထားပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၉ အထိ လူငယ် အယောက် ၄ သောင်းကျော်ကို အဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းခဲ့ပြီး ရှေ့တန်း စစ်မျက်နှာမျိုးစုံကို ပို့ဆောင်ခဲ့ပြီးဖြစ်တဲ့ အတွက် ရှေ့တန်းက ရင်ဆိုင်တိုက်ပွဲတွေကြုံလာခဲ့ရင် စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စိတ်အေးအေးထားပြီး တော်လှန်ရေးတပ်တွေဆီမှာ အလံဖြူထောင်တာမျိုး ၊လက်နက်ချတာမျိုးတွေလုပ်နိုင်အောင် ကြိုးစား လုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကနေ ထုတ်ပြန်ပြောဆိုထားပါတယ်။
  • စစ်ကိုင်းတိုင်းက ချောင်းဦးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးထားတဲ့ ပြည်သူတစ်ဦးက စစ်သားတွေရဲ့ သေနတ် ၂ လကိုပါ ခိုးယူထွက်ပြေးလာပြီး တော်လှန်ရေးတပ်တွေဆီမှာ လာရောက်အပ်နှံခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article